PART [ 145 ]

7.3K 977 68
                                    

"ဒါက ဆတ်သားခြောက်ဖုတ်ဆီဆမ်း၊ ဒါက ဝက်အူချောင်းကြော် ၊ ဒါက မှိုကြော်၊ ဒါက ကြက်သားမွကြော်၊ ဒါက ပုဇွန်ခြောက်နဲ့မန်ကျည်းသီးထောင်းကို အစပ်ကြော်ထားတာလေး"

"ဟင်းဘူးတွေက အများကြီးပဲ...အဆောင်မှာလည်း အန်တီနန်းဦးက ဟင်းချက်ကျွေးပါတယ် မေမေရဲ့...ကိုယ့်ဘာသာကိုယ်လည်း ချက်စားလို့ရတယ်"

"ဒါတွေကို အရံဟင်းအနေနဲ့စားပေါ့ သားထွေးလေးရဲ့...မေမေက တစ်ပတ်တစ်ခါ ဒီလိုပို့ပေးမှာမို့ သားတစ်ယောက်တည်းကုန်မှာမဟုတ်ဘူး...အဆောင်က သူငယ်ချင်းတွေကိုလည်း ကျွေးနော်"

"ဟုတ်ကဲ့"

"ဒါက မေမေကိုယ်တိုင် ထိုးပေးထားတဲ့ စတော်ဘယ်ရီယိုနဲ့လိမ္မော်သီးယို...သားသား မနက်စာကို ပေါင်မုန့်နဲ့ညှပ်စားလို့ရအောင်လေ"

"ကျေးဇူးပါဗျ"

"အဘိုးပေးတဲ့ ဆေးတွေလည်း မမေ့နဲ့
ဦးနော် သားသား"

"ထည့်ပြီးပါပြီဗျ"

"ဒါကတော့ သားသား ဒီနေ့သွားရင်း လမ်းမှာစားဖို့ ကန်စွန်းဥ ဆနွင်းမကင်းလေး...သားသူငယ်ချင်း သုတဖို့လည်း သပ်သပ်တစ်ဘူးထည့်ပေးလိုက်တယ် သိလား...လိမ္မော်သီးနဲ့စတော်ဘယ်ရီက တစ်ခြင်း ပေးလိုက်နော်"

"ဟုတ်"

"ဒါက အန်တီနန်းဦးအတွက် လက်ဖက်ခြောက်လှော်နဲ့လက်ဖက်ရည်ထုပ်တွေ လက်ဆောင်"

လွမ်း အဆောင်ကို တစ်ခါသွားရင် သယ်ရသည့် ပစ္စည်းတွေနှင့်အစားအသောက်တွေက လူတစ်ယောက် အိမ်တစ်ခါပြောင်းစာလောက် ရှိမည်။

အခုလည်း ကိုကြီးရဲ့ ကားနောက်ခန်းတွင် အိတ်ကြီးအိတ်ငယ် အသွယ်သွယ်က အကုန် တင်လို့ပင်မဆန့်ချင်။

"အငဲ ဒီကိုလာဦး ခဏ"

ကိုလတ်က လက်ဖက်ခင်းထဲ မသွားခင် သူ့ကို လှမ်းခေါ်တော့ အငဲ ကိုကြီးရဲ့ကားဘေးကနေ ကိုလတ်ရဲ့ကားနားကို ပြေးသွားလိုက်သည်။

"ကိုလတ် ဒီနေ့ လက်ဖက်တွေ ပွဲရုံတင်ဖို့ရှိတာမို့ လိုက်မပို့တော့ဘူးနော်"

"ရပါတယ်ဗျ"

"အငဲ သင်တန်းအပ်ဖို့အတွက် လိုတဲ့ငွေနဲ့ အဆောင်လခကို ကိုငယ့်ဆီမှာ ပေးထားတယ်"

Lovey DoveyWhere stories live. Discover now