PART [ 103 ]

8.5K 1K 125
                                    

"သျှား"

အရုဏ်ဦးဇမ် နှုတ်မှ တီးတိုးရေရွတ်သံနှင့်အတူ ပွဲကြည့်စင်ပေါ်ရှိ ဆေးကျောင်းသူ အချို့လည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။

"အဲဒါ သျှားရင့် မဟုတ်လား"

"ဟုတ်ပ...နံဘေးက လျှံသောတ"

အရုဏ်ဦးဇမ်ရဲ့နံဘေးရှိ ယောက်ျားလေး သူငယ်ချင်းတွေပင်လျှင် ဘောလုံးကွင်းထဲသို့ လျှောက်ဝင်လာသည့် သျှားတို့ကို စိတ်ဝင်တစား လိုက်ကြည့်နေကြ၏။

"အခုမှ ပထမဆုံး မြင်ဖူးတာပဲ"

"အပြင်မှာ ပိုကြည့်ကောင်းတယ်နော်"

T-Shirt နှင့် Jean pant ကို ရိုးရိုးရှင်းရှင်း ဝတ်ထားတာတောင် စမတ်ကျသည့် သျှားက ဆေးကျောင်းသူ၊ဆေးကျောင်းသားတွေကြားမှာပါ နာမည်ကြီးနေတာ အံ့ဩစရာတော့ မရှိ။

"သျှားက facebook မှာ ငါနဲ့ Friend လေ"

"ဟယ် အားကျမိတယ်...ငါကတော့ follower ဘဝကနေ မကျွတ်သေးဘူး"

မိန်းကလေး သူငယ်ချင်းတွေ ပြောနေကြပုံအရ သျှားက Social Media ပေါ်မှာလည်း လူသိများပုံရသည်။ ယခုလို Internet ခေတ်ကြီးမှာ အရုဏ်ဦး ဇမ်ကတော့ Social Media တောင် မသုံးပါ။

ဒီနေ့ ဘောလုံးပွဲကိုတောင် သူငယ်ချင်းတွေ အတင်း ဆွဲခေါ်လို့ သူ လိုက်ခဲ့ရခြင်းဖြစ်သည်။ သျှား ဘောလုံးပွဲ လာကြည့်တတ်မှန်း သိခဲ့လျှင် သူ အရင်နှစ်ကတည်းက သျှားကို ပြန်​တွေ့ခွင့်ရနိုင်မလားဟု တွေးမိ၏။

"ဒီမှာ ထိုင်ရအောင်"

"Okay"

သျှားက နံဘေးရှိ သူငယ်ချင်းကို ပခုံးဖက်ထားရင်း ဘောလုံးပွဲကိုပဲ အာရုံစိုက်နေသည်။ ခုံ နှစ်တန်းသာ ကွာပြီး သျှားတို့နှင့် မျက်စောင်းထိုး နေရာလောက်မှာ ရှိသည့် အရုဏ်ဦးကိုတော့ မမြင်သလို သတိထားမိဟန်လည်း မတူ။

"ဒါ လက်စွပ်အသစ်လား ငါ့ကို တစ်ကွင်းပေး"

"ရော့"

လက်မှာ ဝတ်ထားသော Silver Ring တွေထဲမှ တစ်ကွင်းကို သူငယ်ချင်း ဖြစ်သူအား ချွတ်ပေးနေသည့် သျှားဟာ ဒီအရွယ်ထိ လက်ဖွာဆဲပဲ ထင်သည်။

Lovey DoveyWhere stories live. Discover now