PART [ 95 ]

8.8K 1.2K 95
                                    

စိုင်းစေး ဒီနေ့ Medical Check up လုပ်ဖို့ ရှိသည်။

အရင်တစ်ခါ ဘောလုံးပွဲမှာတုန်းက ခြေကျင်းဝတ် ထိခဲ့သည့် ဒဏ်ကြောင့် သူ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပွဲမှာတောင် ဝင် မကန်ဖြစ်။

သူက ဝင်ကန်ချင်ပေမယ့် သူ့ဒဏ်ရာက စိတ်ချရသည့် အနေအထား မဟုတ်သေး၍ သူတို့ အသင်း နည်းပြက သူ့ကို ဒီနှစ်တော့ နားခိုင်းသည်။

သူ ရေချိုးခန်းထဲမှ ထွက်လာတော့ မနက် ကိုးနာရီ မတ်တင်း။

ရှိန်ဇေက သူ့ကို ကိုးနာရီခွဲကျ လာခေါ်မည်ဟု မနေ့ညကတည်းက ဖုန်းဆက်ထား၏။

စိုင်းစေး ဒီနေ့တော့
မထူမပါး ခဲပြာရောင် Sweatshirt တစ်ထည်နှင့် မီးဖိုးရောင်ဖျော့ဖျော့ Straight pant တစ်ထည်ကိုပဲ ပေါ့ပေါ့ပါးပါး ဝတ်လိုက်သည်။

သူ အပြင်သွားဖို့ ပြင်ဆင်ပြီးချိန်နှင့်ရှိန်ဇေ လာခေါ်ချိန်က ကွက်တိ။

သက်သောင့်သက်သာရှိစေမည့် ခြေညှပ်ဖိနပ်တစ်ရံကို စီးကာ သူ ခြံရှေ့သို့ ထွက်ခဲ့တော့ ရှိန်ဇေက ဆိုင်ကယ်ပေါ်မှာ ခွလျက်ဖြင့် သူ့ကို ထိုင်စောင့်နေ၏။

"မနက်စာ စားပြီးပြီလား"

"အင်း"

ရှိန်ဇေက ဆိုင်ကယ် လက်ကိုင်မှာ ချိတ်ထားသည့် ဦးထုပ်ကို ဖြုတ်လိုက်ပြီး သူ့ခေါင်းပေါ်မှာ ဆောင်းပေးလာတော့ စိုင်းစေး ပြုံးမိသည်။

ဒီလိုမျိုး ရှိန်ဇေ့ဆီကနေ ဂရုစိုက်ခံရသည့် အခိုက်အတန့်တိုင်းကို စိုင်းစေး မက်မောမိတာ အမှန်ပင်။

အနက်ရောင် T-shirtနှင့်အပြာရောင် Jean pant ပေါ်တွင် အနက်ရောင် Leather Jacket ကို ထပ်ဝတ်ထားသည့် ရှိန်ဇေက ဒီနေ့လည်း သိပ်မိုက်ပါ၏။

တွေ့လိုက်တိုင်း ပိုပိုပြီး ဆွဲဆောင်မှု ရှိလာသော ဒီယောက်ျားကို သူ ဘယ်လိုအင်အားနှင့် ကြာကြာ စိတ်ဆိုးနိုင်မည်နည်း။

သူ ဆိုင်ကယ်ပေါ် တက်တာနဲ့ ရှိန်ဇေက ဖက်ထားလို့ ပြောစရာ မလိုအောင်ပင် သူ့လက်တွေဟာ ရှိန်ဇေ့ ခါးတစ်ဝိုက်မှာ အလိုလို ဖက်တွယ်မိကြတာပဲ ဖြစ်သည်။

သူတို့နှစ်ယောက် ဆေးခန်းကိုရောက်တော့ စိုင်းစေး ပါရဂူနှင့်မတွေ့ခင် နာရီဝက်ခန့် စောင့်ရဦးမည်။

Lovey DoveyWhere stories live. Discover now