PART [ 31 ]

12.1K 1.2K 35
                                    

"Ah!"

ညာဘက် ပခုံးမှ နာကျင်မှုကြောင့် သူရမာန်ပိုင် တစ်ချက် တွန့်သွားရသည်။

သွားစွယ်ချွန်ချွန်လေးတွေက သူ့ကြွက်သားတွေထဲတောင် စိုက်ဝင်ကုန်ပြီလား မပြောတတ်။

သူ ထမ်းပွေ့ထားသော ကောင်လေးဟာ ဒီည သိပ် ရန်လိုနေပါသည်။

လူကို ကုန်းကိုက်ပစ်တာများ ဒေါနှင့်မာန်နှင့်။

"ခွေးပေါက်လေးလား မင်းက"

အရပ်၆ပေနီးပါး ခန္ဓာကိုယ်အား ကားပေါ် တင်လိုက်ရင်း သူရမာန်ပိုင် မျက်မှောင်ကြုတ်မိသည်။

"ကျွန်တော့်ဘာသာ ပြန်မယ်လို့ ပြောနေတယ်လေ!"

"မင်း ဒီပုံစံနဲ့ ကား ဘယ်လို မောင်းပြန်မလဲ"

"မောင်း မရရင် တွန်းပြန်မယ်ဗျာ!"

သူ့ကားပေါ်ကနေ လျှောဆင်းလာပြန်သော ခြေတံရှည်များအား သူရမာန်ပိုင် ပြန်ပွေ့တင်တော့ ဗိုက်တည့်တည့် ကန်ခံရ၏။

"ဟေ့!"

သူရမာန်ပိုင် တစ်ချက် ဟန့်လိုက်တာကို ကြောက်ဖို့နေနေသာသာ ကောင်လေးက ပိုတောင် ဂျစ်တိုက်လာသေးသည်။

"အဲ့လောက် လိုက်ပို့ချင်နေရင် ကျောပိုး"

"ကျစ်"

"ခင်ဗျားပဲ ကလေးထိန်းဆို...အဲ့တော့ အိမ်အထိ ကျောပိုး"

"အမူးပါးလေး...ကားစီးပြီးရင် ပိုးမယ်"

"တကယ်နော်"

"အင်း"

သူခေါင်းညိတ်တော့ မျက်လုံးတွေ အရောင်တောက်သွားပုံကလည်း လိုချင်တာ ရတော့မည့် ကလေးလို။

"ကျွန်တော့်ကားက ဘယ်လို လုပ်မှာလဲ"

"ကိုယ့်လူတစ်ယောက် မောင်းလာပေးလိမ့်မယ်"

သူရမာန်ပိုင် ကောင်လေးရဲ့လက်ထဲက ကားသော့ကို ယူပြီး သူ့ ဝန်ထမ်းတစ်ယောက်ဆီ ပစ်ပေးလိုက်၏။

"ခင်ဗျားရဲ့ကားက Mercedes benz G63 ပဲ"

တွေ့လိုက်ရင် အမြဲ ဖရိုဖရဲနဲ့ Style ကျနေတတ်သော ကောင်လေးဟာ ဒီနေ့တော့ Shirt အင်္ကျီ လက်ရှည် အဖြူနှင့် ခဲရောင် Style pant ကို သပ်သပ်ရပ်ရပ် ဝတ်ထားပေမဲ့ ဆံပင်တွေကတော့ ဖွာကျဲလျက်။

Lovey DoveyWhere stories live. Discover now