PART [ 76 ]

9.4K 1.3K 94
                                    

Isaac တို့ သူငယ်ချင်း တစ်အုပ်စုလုံး ဆေးခန်း ရောက်နေကြသည်။ ဒီညနေ ဘောလုံးပွဲမှာတုန်းက စိုင်းစေး ခြေကျင်းဝတ် လည်သွားတော့ Isaacတို့က နားခိုင်းပေမယ့် ကိုယ်တော်က Physics အသင်းအတွက် ဖလားရအောင် ယူပေးခဲ့သေးသည်။ ပွဲလည်းပြီးရော ခြေထောက်က သိသိသာသာ ရောင်လာသဖြင့် Isaac တို့တွေ စိုင်းစေးရဲ့အစ်ကိုငယ် ဖွင့်ထားသော ဆေးခန်းသို့ ခေါ်လာကြရတော့တာပင်။

"အခန့်မသင့်ရင် နောက်ထပ် ဘောလုံး မကန်နိုင်တော့ဘဲ နေလိမ့်မယ်...စိုင်းစေးစေး"

"အမေတို့ကို မပြောနဲ့နော် ကိုခေး...စိတ်ပူနေကြမှာစိုးလို့"

"တစ်ပတ်လောက် အိမ်မှာ နားလိုက်...မင်းတို့ သူငယ်ချင်း ကျောင်းသွားရင် အစ်ကို့ကို လှမ်းတိုင်ကြနော်"

"စိတ်ချ ကိုခေး...ကျွန်တော်တို့ သေချာ ဂရုစိုက်လိုက်ပါ့မယ်"

ဒဏ် ကြီးကြီးမားမား မဖြစ်သွားပေမယ့် စိုင်းစေးရဲ့​ခြေထောက် သက်သာသည့်အချိန်အထိ Isaac တို့တွေလည်း ကျောင်းမသွားဖို့ တိုင်ပင်ထားကြ၏။
ဆေးခန်းမှ အပြန်လမ်းတွင် လျှံသောတက ကားပေါ်မှာ တက်ခေါက်တော့ စိုင်းစေးက "စိတ်လျှော့ပါ" ဟူသည့် သဘောဖြင့် လျှံသောတကို ပခုံးဖက်ထားသည်။ Isaac ကားမောင်းနေရင်း နံဘေးကို ကြည့်လိုက်တော့ John ကလည်း မျက်မှောင်တွေ ကြုတ်လို့။

အကောင်းမြင်စိတ် များသည့် သူတို့ သူငယ်ချင်း စိုင်းစေးက တစ်ဖက်အသင်းမှ စိတ်ဓာတ်ညံ့ဖျင်းသည့် ကောင်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကို သဘောထားကြီးစွာ ခွှင့်လွှတ်ပေးနိုင်ပေမယ့် Isaac တို့တွေကတော့ တအုံ့နွေးနွေးနှင့်ဒေါသတွေ ထွက်နေကြတုန်းပင်။ သူတို့က စိုင်းစေး ကန်သည့် ဘောလုံးပွဲတိုင်းကို မလွတ်တမ်း အားပေးသည့် သူငယ်ချင်းတွေမို့ ကိုယ့်သူငယ်ချင်းကို မတော်တဆလေးတောင် အထိခိုက် မခံချင်ကြပေ။

Isaac တို့ တတိယနှစ်တုန်းကလည်း မေဂျာပေါင်းစုံ ဘောလုံးပွဲမှာ ပြိုင်ဘက် ကျောင်းအသင်းမှ ကစား သမားတစ်ယောက်က ဘောလုံး အလုကြမ်းလို့ စိုင်းစေးရဲ့ မျက်နှာကို တံတောင်နှင့်တွတ်မိတာ စိုင်းစေး နှာခေါင်းသွေး လျှံသည်အထိပင်။ စိုင်းစေးက ခုလိုပဲ ခွင့်လွှတ်ပေမယ့် သူတို့ကတော့ သည်းမခံနိုင်ဘဲ အဲဘက်ကျောင်းက လူတွေနှင့် ထိုးကျိတ် ရန်ဖြစ်ခဲ့ရဖူးသည်။ နောက်ဆက်တွဲ အနေဖြင့် ​စည်းကမ်း ထိန်းသိမ်းရေး ဌာနတွင် ခံဝန်ကတိ လက်မှတ်ထိုးရသည့်အပြင် မမ Isabel ဆီကလည်း အဆူခံခဲ့ရ၏။

Lovey DoveyWhere stories live. Discover now