PART [ 8 ]

13.2K 1.5K 111
                                    

"Mommy"

"Hello my son!"

မေမေ့အသံကြားတော့ Isaac ဖုန်းကိုင်ထားရင်း ပြုံးမိသည်။

"Mommy အားလား...ကျွန်တော် မေးစရာရှိလို့"

"မေးလေ သားရဲ့"

"မနက်ဖြန် အန်တီနန်းဦးရဲ့ မွေးနေ့တဲ့...ကျွန်တော်တို့ကို ဖိတ်ထားတယ်"

"အင် ဟင်း"

"အဲ့ဒါ ဘာလက်ဆောင်ပေးရင် ကောင်းမလဲ...Mommy တို့ အရွယ် လူကြီးတွေက ပိုသိတယ်လေ"

"​ေဩာ် အဲ့ဒါများ သားရယ်...Mommy ဆီလာခဲ့လိုက်ပေါ့"

"ဟုတ်သားပဲ...ကျွန်တော် နေ့လယ် အတန်းဆင်းရင် လာခဲ့မယ် Mommy"

"Okay...See you"

ဒီနေ့ Isaac တို့ အတန်းက မနက်ပိုင်းပဲ ရှိ၍ နေ့လယ်ကျတော့ Canteen မထိုင်ဖြစ်တော့ဘဲ Isaac ကိုယ့်ကားနဲ့ပဲ မြို့ထဲသို့ ထွက်လာခဲ့သည်။

သုံးထပ်တိုက် အဆောက်အဦးတစ်ခုရှေ့သို့ရောက်သည့်အခါ ကားကို အရှိန်လျှော့လိုက်ပေမဲ့ Parking lot မှာ ကားတွေ ပြည့်လျက်ရှိသည်။ အဆောက်အဦး တစ်ပါတ်ပါတ်လျက် Isaac ကားရပ်ဖို့ နေရာ လိုက်ရှာရသေးသည်။ ပိုင်ရှင်ရဲ့သားမို့ အဆောက်အဦးရှေ့တည့်တည့်တွင် ခဏရပ်ထားလိုက်လို့
ရသော်လည်း မေမေ့ ရဲ့ လုပ်ငန်းခွင်တွင် သူ့စည်း သူ့ကမ်းနှင့်ရှိသည် မဟုတ်လား။

"Mommy ရှိလား"

"Boss က Studio မှာပါ"

ဧည့်ကြိုဝန်ထမ်း ကောင်မလေးကို ပြုံးပြခဲ့ပြီး Isaac ဓာတ်လှေကားကနေ အပေါ်ဆုံးထပ်သို့ တက်လာလိုက်သည်။ နာမည်ကြီး Designer ဖြစ်သော မေမေ့ ရဲ့ Clothing Stores တွေကတော့ နေ့တိုင်း လူစည်၏။
အလယ်လွှာမှာ Fashion showroom တွေ ရှိပြီး အပေါ်ဆုံးထပ်တွင် မေမေ အလုပ်လုပ်သည့် Studio ရှိသည်။

"Mrs.Cassandra"

Isaac လက်နှစ်ဖက် ဆန့်တန်းလျက် Studio ထဲသို့ ဝင်သွားတော့ စားပွဲရှည်ပေါ်တွင် ပိတ်စတစ်ခုကို ဖြန့်ကြည့်နေရာမှ မေမေ က သူ့ကို ပွေ့ဖက်ကြို၏။ သူ့ပါးတစ်ဖက်ဆီက ခပ်ဖွဖွ အနမ်းဟာ Isaac ကို စိတ်အေးချမ်းစေသည်။ Navy ပြာ coat dress နှင့် အနက်ရောင် lace up high heels စီးထားသည့် မေမေ က Model တစ်ယောက်လို ကြော့ရှင်းလျက်။

Lovey DoveyWhere stories live. Discover now