PART [ 94 ]

12.4K 1.4K 85
                                    

"ကျွန်တော်ရောက်ပြီ ခွန်"

"အင်း...အခု ဆင်းလာမယ်"

ဒီနေ့ Isaac နှင့်အတူ အပြင်မှာ Date လုပ်ဖို့ ခွန်ဦး စီစဥ်ထားသည်။ သူတို့နှစ်ယောက် တွဲကတည်းက သူတို့အိမ်မှာပဲ တွေ့တာများပြီး အပြင်ထွက်လည်တာမျိုး သိပ်မလုပ်ကြပေ။ အခုတလော Isaac က အိမ်လာရင်တောင် သူ့အနား မကပ်ဝံ့သလို ဖြစ်နေသည့် အခြေအနေကိုလည်း ခွန်ဦး ပြုပြင်​မှ ရမည်ဟု စိတ်ကူးမိသည်။

သူ အိမ်ထဲကနေ ထွက်လာတာကို မြင်သည်နှင့် Isaac က ခွန်ဦးတို့ ခြံရှေ့တွင် ရပ်ထားသော အနက်ရောင် BMW ကားရဲ့တံခါးကို အဆင်သင့် ဖွင့်ပေးထား၏။

အဖြူရောင် စွတ်စွတ် T-Shirt နှင့် အပြာရောင် straight jean pant ကို ဝတ်ထားသည့် Isaac ကိုကြည့်ရတာ ရာသီဥတု သာယာနေသည့် ကောင်းကင်ပြာပြာ နှင့်အပြိုင် ရှင်းသန့်ကြည်လင်လို့နေသည်။

"ဘယ်ကို အရင်သွားမလဲ ခွန်"

"ဆံပင်ညှပ်ဆိုင်"

သူ သွားနေကျ Hair Salon ကို ရောက်တော့ သူ့ကို ဆံပင်ညှပ်ပေးနေကျ ဆိုင်ရှင် အစ်ကိုက မအားပေ။ သူ့ရှေ့မှာ ညှပ်ဖို့ တစ်ယောက်သာ ကျန်တာဆိုပေမယ့် Isaac ကို အကြာကြီး မစောင့်ရစေချင်၍ ဆိုင်ရှင် ကိုယ်တိုင်  အာမခံပေးသည့် တခြား ဝန်ထမ်းနှင့်ပဲ ဆံပင်ညှပ်ဖို့ ခွန်ဦး ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်က ဒီဆိုင်မှာ ဝင်လုပ်တာ မကြာသေးပေမယ့် လုပ်သက် ရှိပြီးသားမို့ စိတ်ချပါဗျာ"

"ဟုတ်ပါပြီ"

သူ့ကို ဆံပင်ညှပ်ပေးသည့် barber ကောင်လေးက အရွယ်ငယ်ပေမယ့် အလုပ်မှာ ကျွမ်းကျင်ပုံ ပေါ်ပါသည်။ ပခုံးထိ ဝဲနေသည့် ရွှေအိုရောင် ဆံပင်ရှည်တွေနှင့်ကောင်လေးဟာ ရုတ်တရက် ကြည့်လျှင် မိန်းကလေးလား အမှတ်မှားရလောက်အောင် ချောလှသူပင်။

"ဒီကို လာနေကျလားဗျ"

"အင်း"

Barber  ကောင်လေး မေးတာကို ပြန်ဖြေရင်း ခွန်ဦး မှန်ထဲကို ကြည့်လိုက်တော့ အနောက်က ခုံတန်းတွင် ထိုင်နေသည့် Isaacက မျက်မှောင်တွေ ကြုတ်နေရုံသာမက Barber ကောင်လေးရဲ့ လိုတာထက် ပိုသည့် အပြုအမူတွေကို စူးစူးစိုက်စိုက် ကြည့်နေသော မျက်ဝန်းပြာတွေကလည်း အေးခဲ ရှတလျက်ရှိသည်။

Lovey DoveyWhere stories live. Discover now