PART [ 136 ]

6.6K 926 72
                                    

ခွန်ဦး သူနှင့်မျက်နှာချင်းဆိုင်တွင် အိပ်ပျော်နေသည့် Isaacရဲ့မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေမိသည်။

မျက်ခုံးတန်းထူထူနှင့်မျက်တောင်ရှည်ရှည်တွေရှိသော Isaacက နှာတံလည်း လှပြီး နှုတ်ခမ်းဆိုလည်း နီထွေးနေ၏။

ရယ်လိုက်ရင် ပေါ်လာသည့် သွားတန်းတွေက ဖွေးညီနေကာ နမ်းရင်လည်း အမြဲတမ်း ပူရှိန်းနံ့သင်းနေတတ်သည်။

Sharp ဖြစ်သည့် Jawline နှင့် Collarbone တွေက ဆွဲဆောင်မှုရှိသလို ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း အမိုက်စားပင်။

လက်မောင်းနှင့်ဝမ်းဗိုက်ကြွက်သားတွေက ကျစ်လျစ်နေကြကာ လက်ဖျံတစ်လျှောက်ရှိ သွေးကြောစိုင်တွေ ရုန်းကြွလာချိန်မျိုးဆိုလည်း သိပ်ကြည့်ကောင်းတာပင်။

သူ့ရည်းစားက ရုပ်ရည် ​ချောမော၊ကြည့်ကောင်းရုံတင်မကပဲ တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း ဂရုစိုက်လို့ Fresh ဖြစ်သည့် ကိုယ်သင်းနံ့လည်း ရှိ၏။

ပုံမှန်ဆို Sweetဖြစ်တဲ့ Isaacက Testosterone ဟော်မုန်း မြင့်တက်လာချိန်ကျရင်တော့ သိပ် Hotပုံများ ခွန်ဦးကိုတောင် အပြည့်အဝ လွှမ်းမိုးထားနိုင်သည်။

သူ ယုံကြည်စွာဖြင့် ဦးဆောင်ခွင့်ပေးမိလောက်အောင် Sex Knowledge ကြွယ်ဝသည့် Isaacဟာ သူတို့နှစ်ယောက်လုံးရဲ့ ကျန်းမာရေးကို စိတ်ချရစေပြီး Sex Experienceကလည်း သူနှင့်မှ ပထမဆုံးဟုဆိုပေမယ့် သူ့ကို သင့်လျော်တဲ့အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ခံစားမှုကောင်းကောင်း ပေးစွမ်းနိုင်၏။

ယောက်ျားချင်း ဖြစ်ပါလျက် အောက်မှာနေပေးသည့် သူ့အား မနာကျင်စေရဘဲ ညင်ညင်သာသာပဲ ထိတွေ့ကာ Penetration မလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့ပဲ နှစ်ယောက်အတူတူ သာယာမှုရရှိစေသည်။

ချစ်သူရည်းစား ဆက်ဆံရေးမှာ Sexကိစ္စက ရာခိုင်နှုန်း အနည်းနဲ့အများတော့ ပါဝင်ကြသလိုပဲ Safe and Healthy sex ဖြစ်ဖို့က အရေးအကြီးဆုံးပင်။

သူတို့လို ယောက်ျားနှစ်ယောက် ဆက်ဆံတာမျိုးဆိုရင် ပိုလို့တောင် ဂရုစိုက်ရ၏။

Isaacကတော့ သူ့သူငယ်ချင်းတွေနှင့်အတူ လေးလတစ်ကြိမ် ပုံမှန်ဆေးစစ်လေ့ရှိပြီး ခွန်ဦးလည်း ခရီးမထွက်ခင်တုန်းကမှ ဆေးစစ်ခဲ့ပါသည်။

Lovey DoveyWhere stories live. Discover now