PART [ 28 ]

11.3K 1.3K 115
                                    

မေဂျာပေါင်းစုံ Basketball ပြိုင်ပွဲ။

ဗိုလ်လုပွဲစဥ္။

"Isaac! Isaac!"

"သျှားလျှံ! သျှားလျှံ!"

နှစ်နှစ်ဆက်တိုက် ဖလားယူထားနိုင်ခဲ့သော Law မေဂျာနှင့် အမြဲ ရှုံးထွက်ဖြစ်ခဲ့သည့် Englishမေဂျာ၏ ဗို်လ်လုပွဲကို အားပေးသူ ပရိတ်သတ်များမှာ Stadium နှင့်ပင် မဆန့်ပေ။ အထူးသဖြင့် ခွန်ဦး လာအားပေးသဖြင့် အမှတ်တွေ အဆက်မပြတ်ယူကာ သူတို့ကို လက်စွမ်းတွေ ပြနေသည့် Isaac။

"မင်း တက်ကြွလှချည်လား"

"အချစ်ရဲ့စွမ်းအားတွေလေ"

Isaac က Law မေဂျာရဲ့ အသင်းခေါင်းဆောင်ဖြစ်သော သျှားရင့်လက်ထဲမှ ဘောလုံးအား လှစ်ကနဲ လုယူသွားပြီး three -point lineရဲ့အလွန်ကနေ ခုန်ကာ ခြင်းထဲသို့ တန်းနေအောင် ပစ်ထည့်လိုက်ပုံဟာ လှလှပပ။

"Wow!!"

"Go Baby! Go Baby!"

Cheerleader ကောင်မလေးများက Isaac ထံသို့ Fly Kiss တွေ ပစ်လွှတ်နေကြပေမဲ့ Isaac မှာ အရင်နှစ်တွေကလို မျက်စိတစ်ဖက် ပြန်မှိတ် မပြနိုင်ချေ။ အကြောင်းမှာကား ပွဲကြည့်စင် အမြင့်ဘက်ကနေ Isaac အား မျက်စိဒေါက်ထောက် ကြည့်နေသူ ရှိသည် မဟုတ်ပါလား။

"သျှားလျှံ! သျှားလျှံ!"

Law မေဂျာရဲ့ Cheerleader တွေကလည်း မခေပါ။ သျှားရင့်နဲ့လျှံသောတရဲ့နှစ်ယောက်တွဲပုံကိုVinyl ထုတ်ပြီး ကနေကြသဖြင့်
ဆရာ၊ဆရာမတွေက သဘောတကျ ရယ်ကြလေသည်။ ပြိုင်ပွဲက အကျိတ်အနယ်ဖြစ်လျက်ရှိသော်လည်း တစ်ဘက်နှင့်တစ်ဘက် အမုန်းစကား မဆိုကြဘဲ ပျော်စရာကောင်းနေ၏။

အနိုင်အရှုံးက အဓိက မဟုတ်ဘဲ အားကစားစိတ်ဓါတ်ကသာ အဓိကမို့ ပွဲစဥ္အပြီးမှာ ၇မှတ် အသာဖြင့် English မေဂျာက နိုင်သွားသည့်အခါ လျှံသောတနှင့်သျှားရင့်ပါ Isaac အား ပြေးဖက်လိုက်ကြသည်။ ထိုစဥ္ ပွဲကြည့် ပရိသတ်တွေထဲမှ စိုင်းစေးနှင့်John ပါ ကွင်းထဲ ဝင်လာပြီး သူတို့ သူငယ်ချင်းတွေ တစ်ယောက်ပခုံး တစ်ယောက်ဖက်လျက် ဝိုင်းကြီးပါတ်ပါတ် ဒူဝေဝေ လုပ်မိပြန်ရာ ရယ်ခဲသည့် ခွန်ဦးတောင် သူတို့ကို ကြည့်ရင်း ပြုံးနေလေပြီ။

Lovey DoveyWhere stories live. Discover now