PART [ 63 ]

9.9K 1.3K 48
                                    

"အစ်ကိုစောင့်နေရတာ ကြာပြီလား"

အဆောင်ထဲကနေ ပြေးထွက်လာသည့် လွမ်းကို ချစ်စနိုးကြည့်ရင်း John ခေါင်းရမ်းပြလိုက်ပါသည်။ မနက်တိုင်း သူနှင့်အတူ ကျောင်းသွားဖို့အတွက် ခုလိုပဲ အဆောင်ထဲကနေ ပြေးပြေးထွက်လာတတ်သော လွမ်းက ကလေးတစ်ယောက်လို ဖြူဖြူစင်စင်။ ဒီနေ့တော့ သူ့ရဲ့ရွှေရင်အေးလေးက ချောကလက်ညိုရောင် Sweatshirt လေးနဲ့ နို့နှစ်ရောင် loose jean လေးဝတ်ထားလို့ တစ်မျိုး ချစ်စရာ ကောင်းနေပြန်သည်။

"မနေ့ညက ညဥ့္နက်ထိ ဇာတ်ကားကြည့်မိလို့ အိပ်ရာထ နောက်ကျသွားတယ်"

John လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်တော့ လွမ်းက ကားပေါ်တက်ထိုင်၏။

"အတန်းက ၈ နာရီမှ မဟုတ်လား...မှီပါတယ်"

သူ့အတန်းက ၉ နာရီမှ ဆိုပေမယ့် လွမ်းရဲ့အတန်းက ၈နာရီ စလေ့ရှိတာမို့ ၇နာရီခွဲဆို Johnက ကျောင်းသွားဖို့ အဆင်သင့် ဖြစ်နေတတ်ပြီ။

လွမ်းကို အကြိုအပို့ လုပ်သည့် တာဝန်အား ဘယ်သူကမှ မပေးထားလည်း Johnကတော့ ဇွဲ လုံ့လ ဝီရိယနဲ့ တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိသည်။

"အစ်ကို"

"ဗျာ့"

"ဟိုဟာ အစ်ကိုခွန်ဦးတို့ မဟုတ်လား"

Platform ပေါ်တွင် လက်တွဲလျှောက်နေသော ခွန်ဦးနဲ့Isaac က နှစ်ယောက်တည်း ကမ္ဘာဖြစ်နေ၏။ လွမ်းက Isaac တို့ကို အံ့ဩတကြီး ကြည့်နေသဖြင့် John ပြုံးမိသည်။

"ခွန်ဦးနဲ့Isaac က ရည်းစားတွေလေ...လွမ်း အဲ့ဒါကို ဘယ်လို မြင်လဲ"

"အစ်ကို Isaac က အစ်ကိုခွန်ဦးကို တအား ချစ်ပုံပဲနော်"

"နှစ်ယောက်လုံးက ယောက်ျားတွေဆိုတော့ ထူးဆန်းတယ်လို့ ခံစားမိလား"

"ဟင့်အင်း...ကျွန်တော်တို့ လွမ်းတိုင်းမှာ သူတို့ ၂၅ နှစ်အရွယ်ကတည်းက လူသိရှင်ကြား လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲဆိုရင် အခု အသက် ၄၀ ကျော်ကြပြီ...မေမေက ပြောတယ်...ယောက်ျား နှစ်ယောက်ကြားမှာ ပေါက်ဖွားတဲ့အချစ်ကလည်း အချစ်ပါပဲတဲ့"

Lovey DoveyWhere stories live. Discover now