"စေး...ကိုနိုင်ယံခန့်တို့ ရောက်နေပြီ"
John က သူ့အခန်းတံခါးကို လာခေါက်ရင်း ပြောတော့ စိုင်းစေး ကြည့်လက်စ Anime ကို ရပ်ပြီး အခန်းပြင်သို့ ထွက်ခဲ့လိုက်၏။
"ငါတို့ နှစ်ယောက် ကိုခန့်တို့ ညီအစ်ကိုတွေကို တစ်ခုခု လိုက်ကျွေးရအောင်"
"ကောင်းသားပဲ"
သူတို့နှစ်ယောက် ခွန်ဦးတို့ အဆောင်ဘက် ရောက်သည့်အခါ ကိုခန့်တို့က လွမ်းကို အဆောင်မှာ နေရာချပေးရင်း အလုပ်များနေကြသည်။
"ကိုခန့်"
"ေဩာ်...John တို့က အဲ့ဘက်အိမ်မှာ နေကြတာလား"
"ဟုတ်တယ်ဗျ"
"အမေက မင်းတို့ကို တွေ့ရင်နှုတ်ဆက်လိုက်ပါဦးတဲ့"
Johnနဲ့ကိုခန့်တို့တွေ စကားပြောနေကြစဥ်မှာ စိုင်းစေးကတော့ အဆောင်ဘက်ကနေ ထွက်လာသည့် ရှိန်ဇေနဲ့မျက်ဝန်းချင်း ဆုံသွား၏။
"အငဲကို အပ်တယ်နော် ခွန်ဦး"
"စိတ်ချပါကွာ"
အရင် အကြည့်လွှဲသွားတဲ့ ရှိန်ဇေက သူ့ကို စိမ်းကားနေတာ တစ်လကြာပြီ။ Facebook မှာလည်း အခုထိ ပြန် လက်မခံသေး။
"ကိုခန့်တို့ အမေ့အိမ်ကို ဝင်ဦးမှာလားဗျ"
"ဝင်မှာ စိုင်းစေးရေ...လက်ဖက်ခြောက်တွေ လက်ဆောင် ပေးချင်လို့"
"အိမ်ကို မသွားခင် ကျွန်တော်တို့နဲ့ မြို့ထဲမှာ Hot pot သွားစားကြမလား"
"သွားမလား အငဲ"
ညီ အငယ်ဆုံးလေးက ခေါင်း တစ်ချက်ညိတ်တာနဲ့ကိုခန့်တို့ အစ်ကိုသုံးယောက်ကလည်း မငြင်းကြပါ။
"ဒါဆို ကျွန်တော်တို့ ကား သွားထုတ်လိုက်ဦးမယ်ဗျ"
"ဟုတ်ပြီ"
Johnနှင့်သူက ရှေ့ကနေ မောင်းခဲ့ပြီး ကိုနိုင်ယံခန့်တို့ ညီအစ်ကိုလေးယောက်က နောက်ကနေ ကားတစ်စီးနဲ့ လိုက်လာကြသည်။
"VIP Room ယူမယ်ဗျ"
"ဒီဘက်ကို ကြွပါရှင်"
စိုင်းစေးတို့ သွားနေကျ တရုတ်ရိုးရာစားသောက်ဆိုင် တစ်ခုကို ရောက်တော့ လေကောင်းလေသန့်ရသည့် သီးသန့်အခန်းမှာ ခြောက်ယောက်စာ တစ်ဝိုင်းယူလိုက်ပါ၏။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)