PART [ 151 ]

6.4K 920 91
                                    

"ဇမ်"

"ဗျာ"

အရုဏ်ဦးက သူ ခေါ်တာကို စာကြည့်မပျက်ဘဲ ပြန်ထူးပေမယ့်

"ကိုယ် ပြောစရာရှိတယ်"

ဟု ဆိုတော့ လက်ထဲမှ ဘောပင်ကိုချပြီး သျှားရင့်နှင့်မျက်နှာချင်း ဆိုင်လာသည်။

"သျှား ဘာပြောမလို့လဲ...ပြောလေ"

"မနက်ဖြန် ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ရှိတယ်...လျှံသောတလေ...ဇမ် သိပါတယ်"

သျှားရင့် အင်္ကျီအိတ်ကပ်ထဲက ဖိတ်စာကတ်လေးကို ထုတ်ပေးလိုက်တော့ အရုဏ်ဦးက သေချာ ဖြန့်ဖတ်ကြည့်နေ၏။

"ကျွန်တော့်ကိုပါ ဖိတ်တာပဲ"

သျှားရင့်+အရုဏ်ဦးဇမ် ဆိုပြီး အတွဲလိုက် ဖိတ်တာကို သဘောကျနေပုံပေါ်
သည့် အရုဏ်ဦးက နှစ်လိုဖွယ်ပြုံးတော့ သျှားရင့်ရဲ့မျက်နှာမှာလည်း ပါးချိုင့်လေးတစ်ဖက် လှစ်ကနဲ ပေါ်လာသည်။

"ပြီးတော့ နောက်တစ်ခုရှိသေးတယ်"

"ဟုတ်ကဲ့"

"လျှံသောက သူ့မွေးနေ့ပြီး နောက်ရက်ကျ ကလောမှာ Staycation နေဖို့ စီစဥ်ပေးထားတယ်...ကိုယ်တို့သူငယ်ချင်းတွေရယ်...သူတို့ရဲ့ရည်းစားတွေရယ်"

"သျှား ကျွန်တော့်ကို လိုက်စေချင်လို့လား"

"အင်း...မင်း အဆင်ပြေမယ်ဆိုရင်ပေါ့...ကိုယ် မင်းကို ကိုယ့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးချင်တယ်...အဲဒီအတွက် စောသေးတယ်ဆိုလည်း ရပါတယ်...တစ်ခါမှ မတွေ့ဖူးသေးတဲ့လူတွေနဲ့ ဆုံရမှာဆိုတော့ မင်း သက်သောင့်သက်သာ မရှိမှာလည်းစိုးတယ်"

"ကျွန်တော် အဆင်ပြေပါတယ် သျှား... Staycationက ဘယ်နှရက်လဲ"

"တစ်ညအိပ် နှစ်ရက်တဲ့...သဘက်ခါ မနက်အစော တောင်ကြီးကနေ ဆင်းမှာ"

"ဟုတ်ကဲ့...ကျွန်တော် သျှားနဲ့လိုက်မယ်လေ"

"ကောင်းပြီဗျာ"

အရုဏ်ဦးက တစ်နေ့တစ်နေ့ အချိန်ဇယားတွေနဲ့ပြည့်နေတတ်သူမို့ သျှားရင့် ခေါ်မရမှာ စိုးရိမ်ခဲ့ပေမယ့် အရုဏ်ဦးက တွေဝေမနေဘဲ လိုက်မယ်ဆိုတော့ သူ ဝမ်းသာသွား၏။

Lovey DoveyWhere stories live. Discover now