PART [ 110 ]

9.2K 1.1K 215
                                    

"စာမလုပ်ချင်ဘူး...အား!"

ဥပဒေ စာအုပ်တွေကြားမှာ ခေါင်းနစ်ထားရတာကို စိတ်ညစ်ညူးလာပုံရတဲ့
လျှံသောတက Sofa ရှည်ပေါ် ပစ်လှဲချလိုက်တော့ လျှံသောတ စားဖို့အတွက် အစေ့လွတ် စပျစ်သီးတွေကို အခွံခွာပေးနေရင်း သူရမာန်ပိုင် ပြုံးမိသည်။

"အကုန်ခွာလို့ ပြီးပါပြီဗျာ"

လှဲနေရာမှ ထထိုင်ကာ ပန်းကန်ထဲက အခွံခွာပြီးသား စပျစ်သီးတွေကို တစ်လုံးပြီး တစ်လုံး ခက်ရင်းဖြင့် ထိုးစားနေသည့် လျှံသောတက စပျစ်သီးရဲ့ အခွံကို အခါးဓာတ်ပါလို့ မကြိုက်ဘူးဟု ဆို၍ သူရမာန်ပိုင်မှာ တစ်လုံးချင်း အခွံခွာပေးထားရခြင်းပင်။

"ကျွန်တော် စာကြည့်ရတာ ခေါင်းတွေပူတယ် မာန်ပိုင်"

"အဲတော့ ဘာလုပ်ချင်လဲ"

"အရက်သောက်ချင်တယ်"

"စာမေးပွဲ ဖြေခါနီး အရက်မသောက်ဘူးလို့ ပြောထားတာဖြင့် တစ်နာရီတောင် မပြည့်သေးဘူး...ထ...ကိုယ်တို့ လေကောင်းလေသန့် သွားရှူရအောင်"

"Wine လေးပါ ယူခဲ့ရင် ပိုကောင်းမယ်နော်"

"စတိုခန်းထဲကနေ သောက်ချင်တဲ့ ဝိုင်သာ သွားထုတ်ခဲ့"

"Yes!!"

လက်သီးလက်မောင်းတန်းလျက် နှစ်ချို့ ဝိုင်ပုလင်းတွေ သိမ်းဆည်းထားသည့် စတိုခန်းထဲသို့ ဝင်သွားသော လျှံသောတဟာ အစောကနှင့် မတူတော့ဘဲ တက်ကြွနေလေရာ သူရမာန်ပိုင် တစ်ဖန် ပြုံးရပြန်ကာ စားပွဲပေါ်က စပျစ်သီးပန်းကန်ကို ကောက် သိမ်းလိုက်သည်။

"ဒီခြင်းထဲ ထည့်"

ဝိုင်ခွက် နှစ်ခွက်၊ဝိုင်ဖောက်တံနှင့်အခင်းတစ်ခု ထည့်ထားသော ကြိမ်ခြင်းထဲသို့ လျှံသောတ ယူလာသည့် ဝိုင်ပုလင်းကိုပါ ထည့်ပြီး သူရမာန်ပိုင် ကားပေါ် သယ်လာခဲ့သည်။ ဦးတည်ရာက Vineyard တွေရဲ့အနောက်ဘက်ရှိ တောင်ကုန်းပေါ် ဖြစ်ပြီး သူ့အိမ်ကနေဆို ဆယ်မိနစ်ခန့် ကားမောင်းရ၏။

"ကျွန်တော် ဒီနေရာ မရောက်ဖူးသေးဘူး"

သူရမာန်ပိုင် ကားရပ်လိုက်သည်နှင့် ကားပေါ်မှ ဆင်းသွားသည့် လျှံသောတက သူခေါ်လာသော နေရာကို လှည့်ပတ်ကြည့်ကာ သဘောကျနေတော့သည်။ မြက်ပင်စိမ်းစိမ်းတွေ လွှမ်းနေသော တောင်ကုန်းလေးပေါ် ပြေးတက်သွားသော လျှံသောတရဲ့နောက်ကို ကြိမ်ခြင်းလေးဆွဲလျက် သူရမာန်ပိုင် ဖြည်းဖြည်းချင်း လိုက်သွားလိုက်၏။

Lovey DoveyWhere stories live. Discover now