PART [ 129 ]

8.1K 990 66
                                    

လွမ်း အဆောင်မှ ရွာသို့ပြန်သည့်လမ်းတွင် လွမ်းတို့ရဲ့ကားနောက်ကနေ ကိုကိုရဲ့ကားလည်း ပါလာခဲ့သည်။

ဒီတစ်ခေါက်တော့ ကိုကိုရယ်၊ အစ်ကိုသျှားရင့်နှင့်အစ်ကိုလျှံသောတတို့သုံးယောက်က လွမ်းတိုင်းရွာကို အလည်လိုက်ကြခြင်းပင်။

အစ်ကိုIsaacက အစ်ကိုခွန်ဦးနှင့်အတူ Canadaကိုသွားလို့ မပါတာဖြစ်ပြီး အစ်ကိုစိုင်းစေးကတော့ ကိုငယ်ပြန်မှ အတူတူလိုက်ခဲ့မည်ဟုဆိုသည်။

"ခရီးမှာ ပျော်ခဲ့လား အငဲ"

"ဟုတ်...ကျွန်တော် အများကြီး ပျော်ခဲ့ရတယ် ကိုကြီး"

ကားမောင်းနေသည့် ကိုကြီးရဲ့လက်ကောက်ဝတ်မှာ သူလက်ဆောင်ဝယ်လာပေးသည့် လက်ပတ်ကလေးက ကျောက်တွေဟာ ပိုအရောင်တောက်နေသလိုတောင် ထင်ရသည်။

ကျန်းမာရေးလိုက်စားပြီး ကိုယ့်ကိုယ်ကိုယ် သိပ်ဂရုစိုက်တတ်သော လွမ်းတို့ရဲ့ကိုကြီး စျာန်ဩရက ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် တည်ငြိမ် အေးချမ်းနေတတ်၏။

ပန်းချီ အနုပညာသမားပီပီ စုတ်တံကိုင်နေကျ ကိုကြီးရဲ့လက်တွေကလည်း ရှည်ရှည် သွယ်သွယ်ဖြင့် သိပ်ကြည့်ကောင်းသည်။ သူတို့ညီအစ်ကိုတွေထဲမှာ ကိုကြီးက အသားအရည် အကြည်လင်ဆုံးပင်။

မကြာခင် အသက် ၃၀ပြည့်တော့မည့် လူလို့ မထင်ရလောက်အောင် ပျိုရွယ်နေသော ကိုကြီးက စိတ်ပျိုလို့ ကိုယ်နုခြင်းဖြစ်မည်။

"ညီလတ်က ယာပုတ်ချိန်ဆိုတော့ အလုပ်များနေတာ...အငဲကိုလာကြိုချင်ပေမယ့် အလုပ်မအားလို့ပါတဲ့"

"ကိုလတ် ပင်ပန်းနေမှာပဲ...
ကိုကြီးရော ခရီးထွက်ဖို့ရှိသေးလား"

"အင်း...နောက်တစ်ပတ်ထဲ Bangkokမှာ ပြပွဲရှိတယ်...ညီငယ်က သူလည်း လိုက်ဦးမယ်ဆိုလို့"

"ကိုငယ်က လိုက်လည်မှာလား"

"မဟုတ်ဘူး အငဲ...Tattoo ဖျက်ဖို့တဲ့"

"ဟင်...ကိုငယ်က သူ့Tattooကို ဖျက်မယ်...ဟုတ်လား"

လွမ်း အံ့ဩတကြီး မေးမိတော့ ကိုကြီးက သေချာကြောင်း ခေါင်းညိတ်ပြသည်။

Lovey DoveyWhere stories live. Discover now