"တစ်ထောက်နားရအောင် စေး"
"Ok"
သူတို့တွေ အိမ်ကနေ ထွက်လာတာ တစ်နာရီကျော်ပြီမို့ မြို့ငယ်တစ်ခုရဲ့ လမ်းဘေးစားသောက်ဆိုင်ရှေ့တွင် ကားရပ်ကာ ဆိုင်ထဲ ဝင်ခဲ့ကြသည်။
"မင်း မနက်စာ စားခဲ့ပြီလား"
"စားခဲ့ပြီ"
"ငါတော့ တစ်ခုခု စားလိုက်ဦးမယ်...မင်းက တစ်ခုခုသောက်"
"Ok ပါ"
မနက်အစောပိုင်း ဖြစ်၍ထင်။ ဝါးတွေနဲ့ချည်း လှလှပပ ဆောက်ထားသော စားသောက်ဆိုင်
ထဲတွင် လူ အနည်းငယ်သာ ရှိနေ၏။ သူတို့သူငယ်ချင်းနှစ်ယောက် ဆိုင် အဝင်နဲ့ နီးတဲ့ ဝိုင်းမှာ ထိုင်လိုက်ကြပြီး John သူ့အတွက် ရှမ်းခေါက်ဆွဲ တစ်ပွဲနှင့် စေးအတွက် ပန်းသီးစိမ်း Juice တစ်ခွက် မှာလိုက်သည်။အမှာ စောင့်နေစဥ္မှာ သူ Facebook ခဏ သုံးနေပေမဲ့ စေးကတော့ ဆိုင်အပြင်အဆင်ကို သေချာ ကြည့်နေ၏။
"လျှံသော Tokyo ရောက်နေပြီ"
"သျှားရင့် မပါဘူးလား"
John စိုင်းစေးမေးတာကို ခေါင်းရမ်းပြရင်း လျှံသောနှင့်လျှံသောရဲ့ဝမ်းကွဲညီမ မိုရီကိုတို့နှစ်ယောက် တွဲရိုက်ထားတဲ့ပုံကို Love React ပေးလိုက်သည်။
အစောလေးကမှ သျှားရင့် Postတင်ထားသည့် ပုံမှာ Peace Lily ပန်းအိုးက ပန်းတွေ အများကြီး ပွင့်နေတာမို့ သူ Wow react နှိပ်ပြီး "ငါလည်း ပန်းတစ်အိုးလောက် ဝယ်ရမယ်" ဟု Comment ပါ ဝင် Ment ဖြစ်၏။
သူ့လိုပဲ ဘာ Post မှ မတင်နိုင်ဘဲ လွမ်းနာကျနေသော Isaac ကတော့ ခွန်ဦးကို စာပို့မိမှာ စိုးလို့ ဆိုပြီး မနေ့ညက Acc De သွားခဲ့သည်။
"အမှာရပါပြီရှင်...လိုအပ်တာ ပြောပါရှင့်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ"
Waitress လေး လာချပေးသွားတဲ့ ရှမ်းသုပ်တစ်ပွဲကို တူဖြင့် အရသာ နှံ့အောင် နယ်နေတုန်း စေးက ပိုက်တပ်ထားသည့် ပန်းသီးစိမ်းဖျော်ရည်ခွက်ကို သူ့နှုတ်ခမ်းနား တိုးပေး၏။
"သောက်ကြည့်"
"ကောင်းတယ်...ငါ့အတွက် ထပ်မှာပေး စေး"
![](https://img.wattpad.com/cover/291302378-288-k987404.jpg)