PART [ 71 ]

11K 1.3K 95
                                    

တနင်္လာနေ့မနက်ပိုင်းတွင် မေဂျာပေါင်းစုံ ဘောလုံးဖွင့်ပွဲရှိ၍ စိုင်းစေး အတန်းချိန်တွေ ဖျက်ရသည်။

ညနေပိုင်းကျတော့ အုပ်စုပွဲစဥ်အ​​​​နေ
ဖြင့်​ Chemistry Major နှင့် English Major က ပွဲဦးထွက် ကန်ကြ၏။ စိုင်းစေးတို့ရဲ့Physics Major ကတော့ မနက်ဖြန်မှ Botany Major နှင့် ကန်ရမည် ဖြစ်သည်။

နှစ်တိုင်း ဘောလုံးပွဲချိန်ဆိုလျှင် စာတစ်ဖက် အားကစားက တစ်ဖက်နှင့် စိုင်းစေး အချိန်လုရလေ့ရှိ၏။

အားကစားမှာတက်ကြွသည့်သူက ပညာရေးဘက်ကိုလည်း အားမနည်းချင်။

ညနေဘက်တွေမှာ Training ပြီးသည်နှင့် အိမ် ချက်ချင်း မပြန်ဖြစ်သေးဘဲ အတန်းတူ သူငယ်ချင်းတစ်ယောက်ဆီကနေ Lecture တွေ တစ်နေ့စာ တစ်နေ့ အပြီး ပြန်လိုက်ရသည်။

သူ ရှိန်ဇေနှင့် မတွေ့တာတောင် တစ်ပတ်ရှိလေပြီ။ ရည်းစားဖြစ်ပြီးကာမှ သူတို့တွေ တစ်ကြိမ်မျှ မတွေ့ရသေး။ လွမ်းရဲ့မွေးနေ့ရှိလို့ ​ရှိန်ဇေ လွမ်းတိုင်းကို ခဏပြန်တုန်းကတော့ သူ့ဆီ ဖုန်း တစ်ခါ ဆက်၏။

Online ပေါ်မှာကျတော့လည်း သူတို့နှစ်ယောက်ရဲ့ Conversation က တစ်ခွန်းမေးမှ တစ်ခွန်းဖြေသည့် ပုံစံမျိုး။

သူက Social media ပေါ်မှာ အချိန်ကုန်တာထက် Personal Life ကို အချိန်ပိုပေးတတ်ကာ ရှိန်ဇေကလည်း Facebook ပေါ်မှာ ရံဖန်ရံခါမှ Active ဖြစ်တာ မဟုတ်လား။

"Baby who cares?  But I know you care. ..."

စိုင်းစေး ရေချိုးခန်း ဝင်နေစဥ်တွင် Phone Ringtone သံ ကြားတော့ ခါးတွင် တဘက်တစ်ထည် ဆွဲပတ်လိုက်ပြီး ရေစက်လက်ဖြင့် ဖုန်းသွားကိုင်မိသည်။

ထို Ringtone က ဟိုနေ့ကမှ သူ ရှိန်ဇေအတွက် သီးသန့်ထားလိုက်သည့် Ringtoneမို့ ဘယ်သူခေါ်လဲ ကြည့်မ​နေဘဲ သူ ချက်ချင်းပဲ ဖုန်းဖြေလိုက်၏။

"Hello"

"ဘာလုပ်နေလဲ စေး"

ရှိန်ဇေ့ရဲ့ ဩရှရှ အသံက လေလှိုင်းထဲကနေလည်း သူ့အာရုံအလုံးစုံကို ညို့ငင်နိုင်စွမ်း ရှိပါသည်။ စကားပြောပြတ်သည့် ရှိန်ဇေဟာ သူ့ကိုဆိုရင်တော့ ပုံမှန် လေသံထက် တစ်ထစ်လောက် လျှော့ထားတတ်တာကိုလည်း စိုင်းစေး သတိပြုမိပါ၏။

Lovey DoveyWhere stories live. Discover now