PART [ 102 ]

9.2K 1.1K 38
                                    

"ကလေးတွေ စာမေးပွဲပြီးရင် Vacation ထွက်ကြမယ်နော်"

Chemistry ဆရာမရဲ့စကားနောက်မှာ လွမ်းတို့ ပထမနှစ် တစ်ခန်းလုံး ကျွက်ကျွက်ညံသွားသည်။

"ကျွန်တော်တို့ အတန်းပဲလား တီချယ်"

"ပထမနှစ် အကုန်လုံးပေါ့...ဒါပေမယ့် မင်းတို့ကို ထိန်းဖို့ မဟာတန်းက စီနီယာတွေပါ လိုက်လိမ့်မယ်"

မဟာတန်း ဟူသည့် အသံကို ကြားတော့ လွမ်းရဲ့ရင်ထဲ အစောကထက်ပင် လှုပ်လှုပ်ရှားရှား ဖြစ်ရ၏။

"ဘယ်ကိုသွားမှာလဲ တီချယ်"

"အဲဒါတော့ EC တွေ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ကြလိမ့်မယ်...မင်းတို့က အခုတော့ စာမေးပွဲအတွက်ပဲ အာရုံစိုက်ထားကြ"

လွမ်းကတော့ အစ်ကိုပါမည့် ခရီးဆို ဘယ်ကိုပဲ သွားရ သွားရ အဆင်ပြေပါသည်။

"ပထမနှစ်တွေက မလိုက် မနေရလားဗျ"

တစ်ချိန်လုံး ငြိမ်နေခဲ့သည့် ခမ်းဇေယျရဲ့အသံ ထွက်လာတော့ လွမ်းတို့တွေ ကိုယ့်သူငယ်ချင်းကိုယ် ကြည့်မိကြသည်။

"ဆရာမတို့က အကုန်လုံးကို လိုက်စေချင်ပေမယ့် မလိုက်ဖြစ်တဲ့သူတွေက အကျိုးအကြောင်း လာပြောလို့ရပါတယ်"

အတန်းပြီးသည့်နောက် ဇေယျက ခါတိုင်းလို လွမ်းတို့နှင့်Canteen မထိုင်တော့ဘဲ အဆောင်ကို တန်းပြန်သွားခဲ့သည်။

"သူငယ်ချင်းတွေ မစုံရင် မပျော်ပါဘူးဟယ်"

မြတ်သီရိမောင်က စိတ်မကောင်းသလို ပြောတော့ လွမ်းတို့လည်း နေ့လယ်စာပင် စားမဝင်ကြတော့ပေ။

"ဇေယျက ဒီSemester ကို ကျူရှင်တောင် မတက်ဘူးလို့ ပြောနေတာ"

ထွဋ်ခေါင်ယံနှင့်ခမ်းဇေယျက အဆောင်တစ်ဆောင်တည်း နေကြပြီး အခန်းဖော်တွေလည်း ဖြစ်တော့ ဇေယျနှင့်ပတ်သက်သည့် တချို့ ကိစ္စတွေဆို ခေါင်ယံပြောမှပဲ လွမ်းတို့ သိကြရတာပင်။

"ငါနဲ့လွမ်းက ဘာသာစုံ တက်မှာဆိုတော့ ဇေယျကို စာ ပြန်ပြလို့ရပါတယ်"

First sem တုန်းကလည်း ဇေယျက ကျူရှင်ကို English တစ်ဘာသာတည်း တက်နိုင်ခဲ့၏။ ကျန်ဘာသာတွေကိုတော့ ပိုးပိုးနှင့်လွမ်းကပဲ ပြန်ပြပေးခဲ့ကြတာဖြစ်သည်။

Lovey DoveyWhere stories live. Discover now