PART [ 149 ]

5.7K 922 73
                                    

ဒီနေ့ Canada ကနေ ပြန်ရောက်မည့် Isaac တို့စုံတွဲကို ကြိုဖို့ လျှံသောတတို့ သူငယ်ချင်းတွေ ဟဲဟိုးလေဆိပ်တွင် စောင့်နေကြသည်။ Johnနှင့်စိုင်းစေးက သောက်စရာ သွားဝယ်တော့ လျှံသောနှင့်သျှားရင့်ပဲ စကားပြောရင်း ကျန်နေခဲ့၏။

"မင်းမွေးနေ့တောင် ရောက်တော့မယ်နော်"

"အင်း...မွေးနေ့ကို အဖေ့ အိမ်မှာလုပ်ပြီး နောက်ရက်ကျ ကလောမှာ Staycationနေကြဖို့ စီစဥ်ထားတယ်...ဒီနှစ်တော့ ငါတို့သူငယ်ချင်းတွေ အကုန်လုံး အတွဲကိုယ်စီနဲ့ ကဲရတော့မယ်"

"ဇမ်က လိုက်ပါ့မလား မသိဘူး...မင်းတို့နဲ့ သေချာလည်း မိတ်ဆက် မပေးရသေးတော့လေ"

"မေးကြည့်ပေါ့...သူလိုက်ရင်တော့ အားလုံးနဲ့ရင်းနှီးသွားမှာ...မင်းကောင်လေးကြည့်ရတာ လိုက်လျောညီထွေရှိမယ့်ပုံပါ"

"အင်း...ငါတို့ငါးယောက်က Best friend တွေဆိုတော့ ငါတို့ရဲ့ရည်းစားတွေကိုလည်း အချင်းချင်း ခင်မင်စေချင်တယ်"

"ဟုတ်တယ်...ဟိုတစ်ခါ ငါတို့ EDM show သွားတုန်းက ပျော်စရာကြီးလေ...ငါမနေ့က မမIsabel ကိုတွေ့တော့ Staycation အကြောင်း ပြောဖြစ်သေးတယ်...အတွဲတွေကြားထဲ လိုက် မရှုပ်ချင်ပါဘူးတဲ့"

"ဟားဟား...Isa ပါရင် ပိုပျော်ဖို့ကောင်းမှာကွ"

"Isa က တကယ် ရည်းစားမထားတော့ဘူးလားပဲ"

"အမျိုးသမီး သီးသန့် Martial arts Club ရဲ့ ဥက္ကဌကို ဘယ်သူကြိုက်ရဲမှာလဲ"

"မကြိုက်ရဲတာထက် မကပ်ရဲတာက ပိုမှန်တယ်"

"ငါတို့ ပထမနှစ်တုန်းက သင်္ကြန်ကို မှတ်မိတယ်မလား"

"အဟက်...ငါတို့အုပ်စုကို ရန်စတဲ့ အမူးသမားတွေ Isa လက်ချက်နဲ့ မှောက်သွားတာလေ"

"ဟားဟားဟား"

"ဒါနဲ့ မင်းကောင်လေးအကြောင်း ပြောပြဖြစ်သေးလား...Isa က ဘယ်လိုမြင်တယ်တဲ့လဲ"

"ငါ့ကို တော်တယ်တဲ့...ပြီးပြည့်စုံတဲ့ဆေးကျောင်းသားလေးကို ရအောင်ပိုးနိုင်လို့လေ"

"ငါ့တုန်းကကျ Green Flag ဘဲကြီးအပေါ် သိပ်မဆိုးနဲ့ဆိုပြီး ဆုံးမသွားတာ"

Lovey DoveyWhere stories live. Discover now