PART [ 139 ]

6.9K 941 86
                                    

ဒီနေ့ သျှားရင့်တို့တွေ Isaac ရဲ့ အမေ Mrs.Cassandra ရဲ့ Winter Fashion show အတွက် အဝတ် Designတွေ စမ်းဝတ်ကြည့်ရမည့်နေ့ပင်။

အချိန်က ၁၁နာရီမှ ဖြစ်၍ သျှားရင့် မနက်ပိုင်း အားတာကြောင့် ထုံးစံအတိုင်း မီးဖိုဆောင်ထဲတွင် ချက်ပြုတ်နေပါသည်။

သူ ဒီနေ့ အပြင်သွားရင်း အစ်ကိုAndriရဲ့ဆိုင်ကို ဝင်ဖို့စိတ်ကူးထားသဖြင့် အစ်ကို့အတွက် Pasta နှင့်
Strawberry smoothie လုပ်ပေးနေခြင်း။

သူ pasta ကို အမြင်နှင့်တင် စားချင်စဖွယ်လေးဖြစ်အောင် Lunch box ထဲမှာ လှလှပပ ထည့်ကာ Strawberry smoothieကိုလည်း ဖန်ဘူးနှင့်သေချာထည့်ပြီး ဇစ်ပါသည့် လက်ဆွဲအိတ်နှင့်ထုတ်ပိုးထားလိုက်သည်။

အပြင်သွားဖို့အတွက် အိမ်ပေါ်တွင် အဝတ်လဲပြီး ပြန်ဆင်းလာမှ ထိုအိတ်လေးကို ကားပေါ်သို့ ယူခဲ့၏။

သူ အိမ်ကနေ ထွက်လာချိန်က မနက် ၈ နာရီခွဲ ဖြစ်ပြီး ​အစ်ကို့ဆိုင်ကို ရောက်တော့ ၉ နာရီ ထိုးခါနီးပြီ။

50% promotion ဟု ဆိုင်းဘုတ်ထောင်ထားသည့် အစ်ကို့ဆိုင်တွင် လူကျနေ၍ အစ်ကို တစ်ယောက်တည်း ဝယ်သူတွေကို ပန်းတွေစည်းပေးလိုက်၊ ပန်းပင်တွေ ရွေးပေးလိုက်ဖြင့် အလုပ်ရှုပ်နေရှာသည်။

"သျှား...လာလေ"

Customer တစ်ယောက်အတွက် နှင်းဆီပန်းတွေ စည်းပေးနေရာမှ သူ့ကို လှမ်းပြုံးပြသည့် အစ်ကိုက မျက်နှာလေး လန်းနေတာမို့ နေကောင်းပုံတော့ပေါ်ပါ၏။

"ဂမုန်းပန်းတွေ ပြပေးပါဦး"

သျှားရင့် လက်ထဲက အိတ်ကို ကောင်တာပေါ် တင်လိုက်ပြီးသည်နှင့် အစ်ကို့ကို ပန်းရောင်းကူလိုက်သည်။

"ဟုတ်ကဲ့...ဒီဘက်မှာပါဗျ"

နှစ်ယောက်ရောင်းတာတောင် ၁၀ နာရီလောက်မှ လူပါးသွားကာ အစ်ကိုလည်း ခဏ နားချိန်ရတော့၏။

"ကျွန်တော် အစ်ကို့အတွက် Pasta လုပ်လာတယ်"

"ကျေးဇူးတင်ပါတယ် သျှား...အစ်ကို အခုထိ မနက်စာ မစားရသေးတာနဲ့ အတော်ပဲ"

Living room ထဲတွင် သူ အစ်ကို့အတွက် Pasta ဘူးနှင့် Smoothie ဘူးကို အဆင်သင့် ဖွင့်ပေးထားလိုက်တော့ အစ်ကိုက ဘေစင်တွင် လက်သွားဆေးပြီးနောက် သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၏။

Lovey DoveyWhere stories live. Discover now