PART [ 120 ]

7.9K 1K 116
                                    

"ကောင်းကောင်း ဖြေခဲ့နော် ဘေဘီလေး"

"ဟုတ်ကဲ့ ကိုကို"

လေးဘာသာတည်း ဖြေရသည့် John က စာမေးပွဲ ပြီးပြီ ဖြစ်သော်လည်း နောက်ထပ် နှစ်ဘာသာ ဖြေရန် ကျန်ရှိသေးသော လွမ်းကို စာမေးပွဲခန်းရှေ့အထိ လိုက်ပို့ခြင်း။

ဒီSemesterမှာ လွမ်းတို့က သမိုင်းဌာန-ကလောဆောင်တွင် ဖြေကြရ၏။
လွမ်း စာမေးပွဲခန်းထဲကနေ ထွက်လာသည့် အချိန်အထိ  သူက ကလောဆောင်ရှေ့ရှိ ညောင်ပင်ကြီးရဲ့အောက်တွင် ထိုင်စောင့်လေ့ရှိသည်။

ပထမနှစ်တွေ စာမေးပွဲဖြေပြီး နောက်ရက် Vacation ထွက်ကြမှာမို့ အတူတူလိုက်ကြရမည့် Johnလည်း ပြင်ဆင်စရာ ရှိတာတွေ အကုန် ပြင်ဆင်ပြီးဖြစ်၏။

နှစ်ညအိပ် သုံးရက် ခရီးက ပြန်လာတဲ့အခါ သူတို့သူငယ်ချင်းငါးယောက်လုံး လွမ်းတိုင်းကို လိုက်လည်ကြဖို့ စီစဥ်ထားသည်။

လွမ်းတိုင်းခရီး ပြီးလျှင်တော့ Isaac မေမေရဲ့ Winter Fashion Week မှာ Model လုပ်ပေးရန် ရှိသည်။

ထို့နောက် John နောက်နှစ် စာတမ်းပြုစုရန်အတွက် အလုပ်များတော့မှာပင်။

ကျောင်းပိတ်ရက်ရှည် နှစ်လလုံးလုံးက သူ plan ချထားပြီးသား ကိစ္စတွေနှင့်ပြည့်နေ၏။

"ကိုကို"

သူ အတွေးထဲ မျောနေစဥ်တွင် စာမေးပွဲခန်းထဲကနေ ထွက်လာသည့် လွမ်းက မျက်နှာသိပ်မကောင်း။

"ဘေဘီ မဖြေနိုင်လို့လား"

"မဟုတ်ဘူး...ကျွန်တော် ဗိုက်အောင့်လို့"

John သူ့ဘေဘီရဲ့မျက်နှာလေးကို အနီးကပ် သေချာကြည့်လိုက်မှ မျက်နှာလေးက ဖြူဖျော့နေကာ နဖူးစပ်မှာလည်း ချွေးစေးတွေတောင် ပျံနေသည်။

"ဘေဘီ ဒီပုံစံနဲ့ လမ်းလျှောက်နိုင်ပါ့မလား"

"ကိုကို ချီ"

လွမ်းက ချီဆိုတာနဲ့ သူ လွမ်းရဲ့ကျောလယ်နှင့်ဒူးဆစ်ကွေးအထက်ပိုင်းကို လက်လျှိုပြီး လွမ်းရဲ့ခန္ဓာကိုယ် သေးသေးလေးကို စွေ့ကနဲ ပွေ့ယူလိုက်ပါ၏။

နီးစပ်ရာ တက္ကသိုလ် ဆေးခန်းသို့ သွားသည့် တစ်လမ်းလုံး မြင်သမျှ လူတိုင်းက သူတို့ကို လိုက်ကြည့်​နေကြပေမယ့် John ကတော့ အရေးမလုပ်နိုင်ဘဲ သူ့လက်တွေပေါ်မှာ မှိန်းလျက် လိုက်ပါလာသော လွမ်းကိုပဲ ဂရုစိုက်နေရသည်။

Lovey DoveyWhere stories live. Discover now