April 10.
Isaac ပြက္ခဒိန် ပေါ်မှာ နောက်ထပ် မှင်နဲ့ဝိုင်းလိုက်တဲ့ ရက်တစ်ရက်။
အခုဆို သူ ရက်တွေ ရေတွက်လာခဲ့တာ ရက်ပေါင်း ၂၀ ရှိပြီ။
သူ ခွန်ဦးကို မလွမ်းရတဲ့ရက်ဟူ၍ တစ်ရက်မျှ မရှိပါပေ။
သာမာန်လူတစ်ယောက်အတွက်တော့ အချိန် ၃ပါတ်နီးပါးဟာ ကာလအပိုင်းအခြားလေးတစ်ခုသာ ဖြစ်နိုင်ပေမဲ့ Isaac အတွက်မူကား လပေါင်းများစွာ ကြာသွားသလို ခံစားရ၏။
"Mr.Wilson က ညနေစာ စားဖို့ စောင့်နေပါတယ်"
"ဟုတ်ကဲ့...ကျွန်တော်လာပါပြီ"
အဖိုးရဲ့အိမ်တော်ထိန်းက သူ့အခန်းတံခါးကို လာခေါက်တော့ Isaac အလုပ်စားပွဲကနေ ထခဲ့လိုက်သည်။
"Good Evening Grandpa"
သူ Dining room ထဲ ဝင်သွားလိုက်မှ အဖိုးက စားဖိုမှူးကို ညစာပြင်စေ၏။
စားဖိုဆောင် ဝန်ထမ်းတစ်ယောက်က အဖိုးနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သော သူ့ရှေ့သို့ ဝိုင်တစ်ခွက် အရင်လာချပေးပြီးနောက် အငွေ့တထောင်းထောင်း ထနေသော ပဲလုံးစွပ်ပြုတ်တစ်ပန်းကန်၊ မီးခိုးကြပ်တိုက်ကင်ထားသည့် အမဲသားလွှာတစ်ပန်းကန်နှင့်ဆန်လုံးညိုဖြင့်ချက်ထားသည့် ထမင်းပန်းကန်လုံးငယ် တစ်ခုကို သပ်သပ်ရပ်ရပ် တည်ခင်းပေးလာသည်။
"ကျေးဇူးတင်ပါတယ်"
Isaac လွမ်းနာကျနေသော်ငြားလည်း သူ ခံတွင်းမြိန်စေရန် အလို့ငှာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ပေးတတ်သည့် ဝန်ထမ်းတွေရဲ့ စေတနာကို အလေးထားကာ အစားအသောက်ကို အလေအလွှင့် မဖြစ်စေပါ။
"မနက်ဖြန် Sunday မို့ ဒီနေ့တော့ စောစော အိပ်ရာဝင်နော်"
"ဟုတ်ကဲ့"
Canada မှာ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်သည့် အဖိုးရဲ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှာ သူက စီမံခန့်ခွဲမှုအပိုင်းကို လေ့လာသင်ယူနေရပြီ။ ခွန်ဦးကို လွမ်းမောစိတ်များ အနည်းငယ် ပြေလိုပြေငြား အလုပ်ထဲ အာရုံနှစ်ထားတတ်သည့် သူ့အား အဖိုးက နားချိန် သတ်သတ်မှတ်မှတ် ရှိစေ၏။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)