PART [ 137 ]

6.6K 973 182
                                    

ဇေရှိန်ဟန်တို့ ညီအစ်ကိုနှစ်ယောက် Bangkok ကိုရောက်တော့ Gallerist က ကိုကြီးအတွက် စီစဥ်ပေးထားသည့် Hotel တွင် တည်းကြသည်။ Five star hotel မို့ အခန်းက အတော်လေးကျယ်ပြီး King Size အိပ်ရာ နှစ်ခုတောင်ပါ၏။

"ခဏ နားလိုက်ဦး ညီငယ်...ညနေကျမှ ကိုကြီးတို့ ညစျေးထဲ သွားလည်ရအောင်"

"ဟုတ်ကဲ့"

ဇေရှိန်ဟန် ခရီးပန်းလာတာကြောင့် ခရီးဆောင်အိတ် ရှင်းပြီးတာနဲ့ တစ်ရေးတစ်မော အိပ်လိုက်သည်။ ညနေ ၄နာရီလောက်မှာ သူ နိုးလာတော့ ကိုကြီးက ရေချိုးခန်း ဝင်နေ၏။

"ညီငယ် ရေချိုးတော့လေ...အပြင်ထွက်ရအောင်"

"ဟုတ်"

သူ ရေချိုးပြီးနောက် အနက်ရောင် ရှပ်လက်ရှည်နှင့်ဂျင်းဘောင်းဘီ တစ်ထည်ကို ပေါ့ပေါ့ပါးပါး လဲဝတ်လိုက်သည်။ ကိုကြီးကတော့ ဝါညိုနုရောင် ရှပ်လက်တိုကို အညိုရင့်ရင့် Straight pantထဲ ခါးလျှိုကာ အနက်ရောင် ခါးပတ် ပတ်ထား၏။

သူတို့ ညီအစ်ကိုနှစ်ယောက်က အရပ်အမြင့် အတူတူပဲ ဖြစ်သော်လည်း ခန္ဓာကိုယ်ချင်းယှဥ်လျှင်တော့ သူက ပိုထွားပါသည်။ ပြီးတော့ အသက် ၂၉နှစ်အရွယ် ကိုကြီးက ၂၃နှစ်အရွယ် သူ့ထက်တောင် ငယ်ရွယ်ပုံ ပေါ်နေ၏။

အရက်မသောက်၊ ဆေးလိပ်မသောက်သည့် ကိုကြီးဟာ အစားအသောက်ဆိုလည်း ကျန်းမာရေးနှင့်ညီညွှတ်အောင် စားလေ့ရှိကာ မွေးရက် အင်္ဂါနေ့တိုင်းမှာ သားသတ်လွတ် စားပါသည်။

မနက်အရုဏ်တက်ချိန်နှင့်ညအိပ်ရာဝင်ခါနီးတိုင်း နာရီဝက်ကြာ တရားထိုင်လေ့ရှိသော ကိုကြီးက ဘာသာတရားလည်း ကိုင်းရှိုင်းသူပင်။

သူတို့ မိသားစုမှာ ဇေရှိန်ဟန် အချစ်ရဆုံးက အငဲဖြစ်ပြီး အား အကိုးရဆုံးက ကိုလတ်ဖြစ်လျှင် ကိုကြီးကတော့ ဇေရှိန်ဟန် အလေးစားရဆုံးလူဖြစ်သည်။

"ညီငယ် လိုချင်တာရှိရင် ဝယ်နော်...ကိုကြီး ရှင်းပေးမယ်"

ဇေရှိန်ဟန် Bangkok ကို လိုက်လည်တိုင်း ကိုကြီးက သူ့အတွက် ခရီးစရိတ်ပါ အကုန်ခံသည့်အပြင် အခုတစ်ခေါက်ဆို သူTattoo ဖျက်ဖို့လည်း ကုန်ကျသလောက် ကိုကြီးပဲ ပေးမည်ဟုဆို၏။

Lovey DoveyWhere stories live. Discover now