PART [ 117 ]

9.3K 1.1K 134
                                    

"ခွန်...ခွန်လို့"

တစ်နေကုန် သူ့အနားကပ်ပြီး တစ်ခွန်တည်း ခွန်နေသော Isaac က အရွယ်နှင့်မလိုက် ဂျီတိုက်တတ်သည့် ကလေးလို။

"ဘာလဲ Isaacရာ"

ခွန်ဦးရဲ့လေသံက စိတ်မရှည်တော့ဟန်မို့ အစောကထက် ပိုညိုးသွားသည့် မျက်နှာကလည်း သူ မာန်မိရင်ပဲ ငိုတော့မလိုလို။

"Ottawa ကို လိုက်ခဲ့ပါဆို"

ကျောင်းပိတ်ရက်ရှည်ကျရင် ခွန်ဦး လုပ်ရမည့်ကိစ္စတွေကို ကြိုတင် Plan ချထားပြီးသားဖြစ်လို့ Isaac တတွတ်တွတ် နားပူနေသော ကိစ္စကို ငြင်းနေတာ မနေ့ကတည်းကပင်။

"နောက်နှစ်ကျ ငါ စာတမ်းပြုစုရတော့မှာလေ Isaac...အဲတော့ ကြိုတင်ပြင်ဆင်စရာတွေ များတယ်"

E-Major Master တန်း Isaac လည်း သူ ပြောတာကို နားလည်မည်ဟု ခွန်ဦး ယူဆသည်။ ခွန်ဦးမှာ Overseaကို ခရီးထွက်ဖို့ လိုအပ်တဲ့ Passport ရှိပြီးသားဆိုပေမယ့်လည်း Isaac က Canada အတွက် Visa ရအောင် စီစဥ်ပေးမယ် ပြောတာတောင် ခွန်ဦး စိတ်မပါနေ။

"ခွန် ကျွန်တော်နဲ့ ၂လတောင် ခွဲနိုင်တယ်ပေါ့လေ"

သူ ခံနိုင်ရည်မရှိအောင် တိုက်ကွက်တွေ ထုတ်သုံးနေပြီဖြစ်သည့် Isaac ကို မကြည့်ဘဲ ခွန်ဦး သဘက်ခါ ပထမဆုံး ဖြေရမည့် ဘာသာအတွက် Revision ပြန်နေတာကိုပဲ အာရုံ ပိုစိုက်ထားလိုက်သည်။

"နှစ်လလေး ခွဲရတာ ဘာဖြစ်လဲ...မင်းနဲ့ငါ အဆက်အသွယ်ရှိနေမှာပဲ"

ပုစ္ဆာတစ်ပုဒ်တွက်နေရင်း ပေါ့ပေါ့လေးပြောလိုက်ပြီးမှ ခွန်ဦး စကားမှားသွားတာကို သိလိုက်၏။ သူနှင့်မျက်နှာချင်းဆိုင်ရှိ Isaac ကို ကြည့်လိုက်တော့ Isaacရဲ့ မျက်ဝန်းပြာပြာတွေထဲ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေခဲ့ပြီ။

"သိပါတယ်...ကျွန်တော့်ကို သုံးနှစ်တောင် ချေထားနိုင်ခဲ့တဲ့ခွန့်အတွက်က ၂လဆိုတာ ဘာမှ မဟုတ်ဘူးပေါ့"

စိတ်ထိခိုက်သွားသော Isaac ခမျာ သူနှင့်စကားဆက်ပြောဖို့ရာ အားမရှိတော့သည့် ပုံဖြင့် စာအုပ်တွေကို ကောက်သိမ်းနေတော့ ခွန်ဦးလည်း စာတွက်တာကို ရပ်လိုက်ရသည်။

Lovey DoveyWhere stories live. Discover now