PART [ 69 ]

9.5K 1.3K 90
                                    

"သားသား Isaac"

"ဟုတ်ကဲ့ မာမီ"

"မာမီက လာမဲ့ Winter Collection အတွက် သားတို့ အဖွဲ့ကိုပဲ Model ခေါ်မယ်လို့ စိတ်ကူးထားတယ်...သားရော သား သူငယ်ချင်းတွေရော မာမီ့ကို ကူညီမယ် မဟုတ်လား"

"ကျွန်တော် သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်ဦးမယ် မာမီ"

"ကောင်းပါပြီ"

Isaac လက်တစ်ဖက်ထဲက ဖုန်းကိုချပြီး တစ်ဖက်က ကျူတံကို ကိုင်လျက် ဘိလိယက် ဝိုင်းထဲ ပြန်ဝင်လိုက်သည်။ သူတို့သူငယ်ချင်းတွေ ဒီနေ့ ကျောင်းပိတ်၍ အိမ်မှာပဲ အချိန်ကုန်ဖြစ်ကြ၏။

ဘိလိယက် မကစားတာ ကြာပြီမို့ သူနှင့်စေးက တစ်ဖက်၊ John နှင့် သျှားရင့်က တစ်ဖက် ကစားနေကြပေမယ့် ဘိလိယက် ထိုးတာ ပျင်းစရာ ကောင်းသည်ဟု ဆိုသော လျှံသောတကတော့ Among us ထိုင် ကစားနေသည်။

"မာမီက Winter Collection အတွက် Model လုပ်ပေးမလားတဲ့"

Cue ball ကို အထာကျကျ ချိန်ဆရင်း သူမေးလိုက်တော့ ကျူတံထိပ်ကို Pool chalk ဖြင့် ပွတ်တိုက်နေသည့် John က ခေါင်းညိတ်​၏။

"အရင်ကလည်း လုပ်နေကျပဲ...ငါက လုပ်မှာ...မင်းတို့ရော"

"အတူတူလုပ်ကြတာပေါ့...ဘယ်လိုလဲလျှံသော"

"ငါ မပါလို့ ဘယ်ဖြစ်မလဲကွ"

"ငါကတော့ ခွန့်ကို ခွင့်တောင်းလိုက်ဦးမယ်"

"မွေးရကျိုးနပ်တဲ့သားလေး"

လျှံသောတက ခနဲ့လည်း Isaacကတော့ ပြုံးပြုံးကြီးပဲဖြစ်သည်။

"စေး...မင်းအလှည့်"

ငူငူကြီး ရပ်နေသည့် စိုင်းစေးကလည်း ခုတလော စိတ်နှင့်လူ မကပ်ချင်။
ဒီတစ်ပတ် ကျောင်းဖွင့်ရင် ​မေဂျာပေါင်းစုံ ဘောလုံးပွဲ စတော့မှာမို့ ဖိအားတွေ များနေလို့လား မသိ။

"မင်းရော ခွင့်တောင်းရမဲ့လူ ရှိနေလို့လား စေး"

သျှားရင့်က စသလို နောက်သလို ပြောတာဆိုပေမယ့် သူတို့အဖွဲ့ထဲမှာ ဘိလိယက်ထိုးတာ အတည်ငြိမ်ဆုံးနှင့်စည်းစနစ်အကျဆုံး စိုင်းစေးရဲ့ ထိုးချက်က ချော်ထွက်သွားသည့်အခါ သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ဂိမ်းဆော့နေသော လျှံသောတပင်လျှင် စိတ်ဝင်တစား ခေါင်းထောင်ကြည့်လာ၏။

Lovey DoveyWhere stories live. Discover now