PART [ 34 ]

10.4K 1.2K 44
                                    

"ကျွန်တော် ရောက်ပြီဗျ"

"ကိုယ် ဆင်းလာမယ် ခဏစောင့်"

ဒီနေ့ သူ စာမေးချင်သည်ဟု မနက်က ဖုန်းဆက်တော့ အစ်ကိုက အိမ်ကို လာခဲ့ဖို့ ခေါ်၏။ အစ်ကိုနဲ့က ခင်နေပြီ ဖြစ်ပေမဲ့ အစ်ကို့ သူငယ်ချင်းတွေနဲ့တော့ သိပ်မရင်းနှီးသေးတာမို့ လွမ်း စိတ်ထဲ ရှိန်နေမိသည်။ သူ အစ်ကိုတို့ ခြံရှေ့တွင် ရပ်စောင့်နေစဥ္မှာ အစ်ကိုJohn က အိမ်ထဲမှ ​ထွက်လာပြီး ခြံတံခါး လာဖွင့်ပေးသည်။

"ဝင်ခဲ့လေ"

"ဟုတ်"

"ကိုယ့်ကိုပေး"

"ရပါတယ်"

အစ်ကိုက သူ့လက်ထဲတွင် ပွေ့ထားသော စာအုပ်တွေကို ကူသယ်ပေးသွားတော့ သူ အစ်ကို့နောက်ကနေ ခပ်သွက်သွက် လိုက်ရသည်။ အစ်ကိုတို့ ခြံဝန်းက အကျယ်ကြီးဖြစ်ပြီး အိမ်ရဲ့တည်ဆောက်ပုံကလည်း အပြင်ကကြည့်ရင် ရိုးရိုးရှင်းရှင်း ရှိလှပေမဲ့ အတွင်းပိုင်းမှာတော့ တန်ဖိုးကြီး ပရိဘောဂတွေကြောင့် Luxury ဆန်နေသည်။

"စာလာလုပ်တာလား လွမ်း"

"ဟုတ်ကဲ့ဗျ"

သူတို့တွေ Gym room ရှေ့က ဖြတ်တော့ Gym ကစားနေသည့် အစ်ကိုစိုင်းစေးက သူ့ကို လှမ်းနှုတ်ဆက်ပြီး အိမ်ပေါ်ထပ်မှ ဆင်းလာသော အစ်ကို Isaac ကလည်း လက်ဝှေ့ယမ်းပြ၏။

ကျန်တဲ့ အစ်ကိုနှစ်ယောက်ကိုတော့ သူ မမြင်။

"ဒီမှာထိုင် ချာတိတ်"

အခန်းတစ်ခုထဲရောက်တော့ အစ်ကို John က သူ့စာအုပ်တွေကို ဖန်စားပွဲဝိုင်းပေါ် တင်ပေးပြီး သူ့အား ကြမ်းပေါ်တွင် ခင်းထားသည့် ကူရှင်လေးပေါ်တွင် ထိုင်စေသည်။

"မနက်စာ စားပြီးပြီလား"

အစ်ကိုက မှန်နံရံနားက လိှုက်ကာတွေကို Remote ဖြင့် နှိပ်ဖွင့်ရင်း မေးတော့ လွမ်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်...အစ်ကိုရော"

"အစ်ကိုလည်း စားပြီးပြီ"

အစ်ကိုက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ပြီး သူ့ရဲ့ဖတ်စာအုပ်ကို ယူကြည့်သည်။

Lovey DoveyWhere stories live. Discover now