PART [ 10 ]

13.8K 1.4K 121
                                    

တောင်ကြားလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသော အနက်ရောင် Ferrari တစ်စီး။

ကားမောင်းသူ နေရာမှ လျှံသောတ သည် ကားထဲ၌ ဖွင့်ထားသည့် English Rap သီချင်းရဲ့Flow အတိုင်း ကားကို အရှိန်တင် မောင်းနေသည်။

"သောတ ငါ ဒီနေ့ မသေချင်သေးဘူးနော်"

"ဒီလမ်းတွေ ငါကျွမ်းပါတယ်ကွ"

"လခွမ်းကို ကျွမ်း...အရှိန်လျှော့ဦး ဟေ့ကောင်"

"အေးဆေးပေါ့ သားကြီးရာ"

နံဘေးခုံရှိ သျှားရင့်မှာ ကိုယ့်ကားကိုယ် မမောင်းလာခဲ့တာ မှားပြီဟု တွေးမိသည်။ သူ လျှံသောတရဲ့ကားကို လိုက်စီးရတိုင်း ခုလိုပဲ ဘုရားတရသည်ချည်း။

မြူနှင်းတွေ ထူနေသေးသော ထင်းရှူးတောကို ဖြတ်သည့်အခါမှ လျှံသောတ က ကားကို အရှိန်လျှော့တော့၏။

သစ်တောအထွက်မှာ နေရောင်ခြည် မြင်ရပြီးတစ်ပင်နှင့်တစ်ပင် အကွာအဝေးညီစွာ ရှိသော သက်တမ်းရင့် ချယ်ရီပင်ကြီးတွေက ပန်းရောင် တံတိုင်းသဖွယ် ဆီးကြိုလျက်။

ထိုပင်တန်းကို လွှန်လျှင် လူနှစ်ရပ်စာ အမြင့်ရှိသည့် အုတ်တံတိုင်းတွေကြားက အနက်ရောင် ခြံတံခါးကို တွေ့ရမည်။

ခြံဝန်းအပြင်ဘက်ရှိ ဂိတ်မှာ လုံခြုံရေး ချထားပေမဲ့ သောတရဲ့ကား မိုင်ဝက်ခန့် အကွာလောက်ကတည်းက ခြံတံခါးက ပွင့်သွား၏။

တခြားသူစိမ်းဆိုလျှင် ဂိတ်မှာ အစစ်ခံရပြီးမှသာ တံခါးဖွင့်ပေးလေ့ရှိသည်။ တံခါးမရှိ ဓားမရှိ ဝင်ရောက်နိုင်တာက သောတရဲ့သူငယ်ချင်းတွေ ဖြစ်သော သူတို့ပင်။

သောတတို့ ခြံဝန်းက ဘောလုံးကွင်း ၁၂ကွင်းစာလောက် ရှိမည်။ ခြံအဝင်လမ်းကနေ အိမ်သို့ ရောက်ရန် ကားနဲ့ ငါးမိနစ်ခန့် သွားရသေးသည်။

"Isaac တို့လည်း ပါရင် ကောင်းမှာ...ငါ Bridle path ကို ချဲ့ထားတယ်"

"မြေတွေ ထပ်ဝယ်ပြန်ပြီလား မင်း"

"မြေရိုင်းတွေပါကွ...ငါ ပြန်ပြုပြင်ထားတာ...နောက်ကျရင် ကားပြိုင်လမ်းတွေပါ လုပ်မလို့"

"ငါ့ Bucky လေးရော နေကောင်းရဲ့လား"

"သေချာဂရုစိုက်ဖို့ မြင်းထိန်းကို မှာထားပြီးသား"

Lovey DoveyWhere stories live. Discover now