PART [ 42 ]

9.5K 1.1K 51
                                    

"တီ တီ!"

လျှံသောတ ကားကို ဟွန်းနှစ်ချက်တည်း တီးရုံရှိသေးသည်။ ဂိတ်စောင့်လူထွားကြီးက ခြံတံခါးကို ဖွင့်ပေးလိုက်တော့  သူ မျက်ခုံးတစ်ဖက် ပင့်လိုက်မိ၏။

"ခင်ဗျားတို့ Boss ရှိလား"

ထိုလူက သူ့ကို ခေါင်းတစ်ချက် ဆတ်ပြကာ နားမှာတပ်ထားသည့် Security earpiece မှ တစ်ဆင့် တစ်စုံတစ်ယောက်ကို သတင်းပို့လိုက်သည်။

"ဘေးခြံက ချာတိတ် ရောက်နေတယ်"

ဒီခြံက လူတွေ သူ့ကို ချာတိတ် ပေါက်စနလေးလို့ မြင်ကြခြင်းအား လျှံသောတ သိပ်မကျေနပ်ချင်။

"Boss က Vineyard ထဲမှာ...ဟိုနားက လူ မင်းကို လမ်းညွှန်ပေးလိမ့်မယ်"

သူရမာန်ပိုင်က ဝန်ထမ်းတွေကို တစ်ပုံစံတည်း ရွေးခန့်သလား မပြောတတ်ပေ။ လျှံသောတ မြင်သမျှ လူတွေဟာ ထောင်ထောင်မောင်းမောင်းတွေချည်းဖြစ်ပြီးခန္ဓာကိုယ်တွေကလည်း သူ့နှစ်ကိုယ်စာလောက်ရှိမည်။

"ဒီလမ်း တန်းတန်းပဲ မောင်းဝင်သွားလိုက်...နားနေဆောင်နားမှာ ကားရပ်လို့ ရတယ်"

ဂိတ်စောင့်ကစလို့ ခြံအလုပ်သမားတွေအထိ ရုပ်တည်ကြီးတွေနှင့်စကားပြောတာကလည်း ပြတ်သေးသည်။ အာရှသားတွေသာမက အနောက်တိုင်းသား ၂ယောက် ၃ယောက်လည်း တွေ့၏။ လူတိုင်းလိုလိုက Tattoo တွေ ထိုးထားကြတာမို့  သူရမာန်ပိုင်ဆီမှာရော Tattoo ရှိသလားဟု လျှံသောတ တွေးမိသွားသည်။

"Frankie နဲ့ Hunter ကို လွှတ်ထားတယ် မလား"

"ခြံထဲမှာ Boss ရှိနေတာပဲ...မဆွဲလောက်ပါဘူး"

အရပ် လေးမျက်နှာရှိ Vineyard တွေ ဆုံရာ အလယ်ဗဟိုတွင် နားနေဆောင်တစ်ခုတွေ့တော့ လျှံသောတ ကားကို တခြား ကားတွေရပ်ထားရာ Parking lot တွင် ဝင်ရပ်လိုက်၏။ နားနေဆောင်ထဲတွင် ထိုင်နေကြသော လူတွေက သူ့ကို သူရမာန်ပိုင် ရှိရာဘက်ဆီ မေးငေါ့ပြတော့ လျှံသောတ လက်ထဲတွင် ဖိတ်စာကိုင်လျက် စပျစ်ခြံထဲ ဝင်သွားလိုက်သည်။

သူတို့အိမ်ဘက်ကနေ တမျှော်တခေါ် လှမ်းမြင်ရသည့် စပျစ်ခြံတွေထဲ ယခု ခြေချမိသည့်အခါ ခြံက ထင်တာထက် ပိုကျယ်သဖြင့် လမ်းပျောက်မှာတောင် စိုးရ၏။ လျှံသောတ ငယ်ငယ်တုန်းကတော့ ဒီပါတ်ဝန်းကျင်မှာ သူတို့ တစ်အိမ်ပဲ ရှိတာမို့ သူ အိမ်ကနေ ဘယ်ကိုသွားသွား Bodyguard အစ်ကိုတွေက နောက်မှ တကောက်ကောက် လိုက်ကြရသည်။

Lovey DoveyWhere stories live. Discover now