PART [ 109 ]

10.2K 1.2K 523
                                    


စိုင်းမာန် သူနှင့်မျက်နှာချင်းဆိုင်ရှိ Sofa ပေါ်တွင် ယှဥ်တွဲလျက် ထိုင်နေကြသော စိုင်းစေးနှင့်ရှိန်ဇေ့ကို ဘာမှမပြောသေးဘဲ မမှိတ်မသုန် စိုက် ကြည့်နေမိသည်။

တကယ်တော့ စိုင်းမာန် ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် အရင် ထိန်းနေရခြင်း။

သူ့ညီနှင့်ရှိန်ဇေ့ရဲ့ ပတ်သက်မှုကို သူ ရိပ်မိနေခဲ့ပေမယ့် အစောကလို အနေအထားမျိုးကို မျက်မြင် တွေ့ လိုက်ရတော့ Shock ရသွားတာ အမှန်ပင်။

Americaမှာ ပညာသင်လာခဲ့တဲ့ သူက လိင်တူ ချစ်ကြိုက်​ခြင်းကို နားလည် လက်ခံသူတစ်ယောက် ဖြစ်သည့်တိုင်
ကိုယ့်ညီအငယ်ဆုံးကိုကျ ယောက်ျားတစ်ယောက်နှင့်သဘောတူ ကြည်ဖြူပေးဖို့ သိပ်မလွယ်လှ။

ပြီးတော့ အဲဒီယောက်ျားက သူ့သူငယ်ချင်း နိုင်ယံ့ရဲ့ညီဖြစ်ပြီး သူတို့အိမ်က အငယ်ဆုံးလေးကိုမှ ပိုင်စိုးပိုင်နင်းနဲ့ အပေါ်စီးက တက်ဖိနေ တဲ့ ပုံစံမျိုးကို စိုင်းမာန် မြင်ခဲ့ရတာ မဟုတ်လား။

သူတို့ မိသားစုမှာ နန်းနွေး၊ နန်းဟွမ်၊ စိုင်းမာန်၊ စိုင်းခေး ၊ စိုင်းစေး ဆိုပြီး မောင်နှမ ငါးယောက် ရှိသည့်အနက် အငယ်ဆုံး စိုင်းစေးက သူတို့အိမ်ရဲ့ရင်နှစ်သည်းချာလေး ဖြစ်သည်။

စိုင်းစေးစေး ဆိုပြီး သူ ချစ်စနိုးခေါ်ရသည့် သူ့ညီက အရွယ်ရောက်ပြီး ရင့်ကျက်သင့်သလောက် ရင့်ကျက် နေပြီဖြစ်သော လူငယ်တစ်ယောက် ဆိုပေမယ့်လည်း စိုင်းမာန်တို့ မျက်လုံးထဲမှာတော့ စိုင်းစေးကို တစ်ခါတလေ ကလေးလို့ပဲ မြင်နေသေးသည်။

စိုင်းစေးရဲ့ ပခုံးပေါ်က သွားရာကြီးကို ကြည့်ပြီး စိုင်းမာန် မျက်မှောင်ကြုတ်လိုက်တော့ စိုင်းစေးက ရှက်ကိုးရှက်ကန်းဖြင့် ပခုံးတစ်ဖက်လျှောနေတဲ့ အင်္ကျီကို ဆွဲတင်လိုက်၏။

"မင်း...စေးစေးကို ကိုက်ထားတာလား ရှိန်ဇေ"

စိုင်းမာန်ရဲ့လေသံက ခြင်္သေ့တစ်ကောင်လို မာန်ပါနေတော့ သူ့ရှေ့မှာ အစွယ်ချိုးထားသည့် ကျားတစ်ကောင်လိုမျိုး အပိုးကျိုးနေတဲ့ ရှိန်ဇေက မျက်လွှာတစ်ဝက် ချကာ...

Lovey DoveyWhere stories live. Discover now