PART [ 86 ]

9.7K 1.2K 127
                                    

"ကိုထက်နိုင်က အရွယ်ကောင်းပဲရှိသေးတာကို ဘာလို့ နောက်အိမ်ထောင် မပြုတာလဲဗျ"

Business Party တွေတက်တိုင်း တစ်ယောက်မဟုတ် တစ်ယောက် မေးလေ့ရှိသော မေးခွန်းကို ထက်နိုင်ဦး အခုနောက်ပိုင်း မဖြေချင်တော့ဘဲ ဘယ်သူမေးမေး ပြုံးရုံသာ ပြုံးနေလိုက်တော့သည်။ သူသာ အစောကြီးကတည်းက နောက်အိမ်ထောင်ပြုချင်စိတ် ရှိခဲ့ပါလျှင် Single Father အဖြစ် နှစ် ၂၀ နီးပါး ရပ်တည်လာမှာ မဟုတ်ပေ။

"အိမ်ကိုပဲ တန်းပြန်မလား Boss"

"အင်း"

သူ့ Driver မေးတာကို ခေါင်းညိတ်​ရင်း ထက်နိုင်ဦး လည်ပင်းက Necktie ကို ဖြေလျှော့လိုက်၏။ အခုမှ ညနေ ခြောက်နာရီပင် မထိုးသေးသော်လည်း သူက ဘယ် Party မှာပဲ ဖြစ်ဖြစ် ညမှောင်သည့်တိုင်အောင် နေလေ့မရှိ။ အလုပ်ခရီးမှ လွှဲလျှင် သားလျှံ မမွေးခင်ကတည်းက​နေ သားလျှံ အရွယ်ရောက်သည်အထိ နေ့တိုင်း သူက အိမ်ကို စောစော ပြန်ပါသည်။

"သားလျှံ ပြန်ရောက်နေတာလား"

"ဟုတ်ကဲ့...ရောက်ရောက်ချင်းပဲ...ကိုသူရတို့ ခြံဘက်ကို သွားလိုက်ပါတယ်"

အခုတလော သားလျှံက သောကြာနေ့ ညနေဆို အိမ်ကို ​ပြန်လာပေမယ့် မာန်ပိုင်တို့ ခြံဘက်မှာပဲ လည်နေချိန်က များသည်။ အစကတော့ သူရမာန်ပိုင်ရဲ့နာမည်ကို ကြားရုံဖြင့် ရှုံ့မဲ့သွားတတ်သည့် သားလျှံက အခုကျတော့ သူရမာန်ပိုင်နှင့်ဘော်ဒါတွေလို ဖြစ်နေပြီ။ မာန်ပိုင်ကလည်း အလျှော့ပေးပြီး ဆက်ဆံလို့သာ သားလျှံက အဲသည့် ခြံဘက်မှာ ဗိုလ်လုပ်နေတာပင်။

"ညစာ ပြင်လိုက်ရတော့မလား"

"ကျွန်တော် သားလျှံ ပြန်လာမှပဲ စားမယ် ကိုဖြိုး"

အိမ်ပေါ်ထပ်ရှိ သူ့အခန်းထဲတွင် ထက်နိုင်ဦး ရေချိုး၊ အဝတ်အစား လဲပြီးနောက် အလုပ်စားပွဲတွင် ထိုင်လိုက်၏။
စားပွဲပေါ်မှာ ထောင်ထားသည့် မိသားစု ဓာတ်ပုံလေးကို ကြည့်မိတော့ သူ ချယ်ရီ့ကို သတိရသွားသည်။ ချယ်ရီ့နေရာမှာ ဘယ်သူနှင့်မှ အစားမထိုးနိုင်လောက်အောင် သူက ချယ်ရီ့ကို ချစ်ရတာပင်။

Lovey DoveyWhere stories live. Discover now