PART [ 144 ]

6.2K 962 156
                                    

"ဂျာမနီကို Scholor လျှောက်ဖို့ ပြင်ဆင်နေတယ်ဆို"

မျှော်စင်ပေါ်တွင် ရှုခင်းအတူတူ ကြည့်နေစဥ် သျှားရင့် မေးလိုက်တော့ အရုဏ်ဦးက သူ့ဘက်ကို စောင်းငဲ့ကြည့်လာသည်။

"တစ်နှစ်ကျော် နှစ်နှစ်လောက် အချိန်ယူရဦးမှာပါ"

သျှားရင့် အခွံ ခွာပြီးသား ပျားလိမ္မော်သီးတစ်လုံးကို အရုဏ်ဦးကို အရင် ပေးလိုက်ပြီး သူ စားဖို့အတွက်က ခြင်းထဲမှ တစ်လုံး ထပ်ယူကာ အခွံ ခွာလိုက်သည်။

"သျှားရော မဟာတန်း ဆက်တက်ဖို့ သေချာသွားပြီလား"

"အင်း"

သျှားရင့် အစောက ခုံတန်းပေါ် ချွတ်တင်ထားသည့် Blazer coat ထဲမှ ဖုန်းကို ထုတ်ကာ ရှုခင်းကို ဓာတ်ပုံ ရိုက်ယူလိုက်သည်။

"ကိုယ် မင်းကိုရော ဓာတ်ပုံ ရိုက်ပေးရမလား"

"ရိုက်လေ့တော့ မရှိပေမယ့် ရိုက်ကြည့်ပါမယ်"

ရှုခင်းကို နောက်ခံထားကာ သဘာဝကျကျလေး ရပ်နေသည့် အရုဏ်ဦးက သူ ဓာတ်ပုံရိုက်ပေးတော့ ပိုပြုံးပါ၏။

"နှစ်ယောက်အတူ ရိုက်ဦးမလား သျှား"

"အင်း...First date အမှတ်တရပေါ့"

နှစ်ယောက်အတူ ရိုက်ထားတဲ့ပုံတွေကိုပါ သျှားရင့် တစ်ခါတည်း Chat box ကနေ အရုဏ်ဦးဆီ ပို့ပေးလိုက်ပြီး သူ အကြိုက်ဆုံး တစ်ပုံကိုတော့ Phone Wallpaper ထားခွင့် တောင်းလိုက်သည်။

"ကိုယ် ဒီပုံလေး Wallpaper ထားလို့ရမလား"

"ရပါတယ်"

သျှားရင့် Facebook Story လည်း တင်ချင်ပေမယ့် အရုဏ်ဦးရဲ့Privacy ကို လေးစားသည့်အနေဖြင့် လူမပါသော ရှုခင်းပုံနှင့်အတူတူခူးထားသည့် လိမ္မော်သီးခြင်းပုံကိုပဲ အမှတ်တရ တင်လိုက်ပါသည်။

"မိုးရွာတော့မယ် ထင်တယ် သျှား"

"ဒါဆို ကိုယ်တို့ ပြန်ဆင်းရအောင်လေ"

ရုတ်တရက် ရွာချလာသည့်မိုးကြောင့် သူတို့နှစ်ယောက် မျှော်စင်အောက်ကိုပင် မရောက်လိုက်ဘဲ လှေကားတစ်ဝက်ကနေ ပြန်တက်လာရ၏။

"မိုးက သိပ်ကြီးမယ့်ပုံ မပေါ်ပါဘူး"

"အင်း...မိုးတိတ်မှပဲ ပြန်ဆင်းကြတာပေါ့"

Lovey DoveyWhere stories live. Discover now