PART [ 20 ]

12.1K 1.3K 99
                                    

ဇန်နဝါရီလအစောပိုင်းရက်များမှာ John တို့ သူငယ်ချင်း တစ်အုပ်စုလုံးအတွက် အားလပ်ချိန် သိပ်မရှိပေ။ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေက Major အလိုက် ဆက်တိုက် ကျင်းပရန်ရှိပြီး ထို့နောက်တွင် Major ပေါင်းစုံ အားကစား ပြိုင်ပွဲတွေ လာတော့မည်ဖြစ်၍ ကြိုတင်လေ့ကျင့်နေရ၏။

ဘောလုံးပွဲတွေကတော့ Second semester မှ ရှိသဖြင့် စိုင်းစေးတစ်ယောက်ပဲ Training မဆင်းရသေး။

"စေး...ငါ့ကို plaster လေး ကပ်ပေးစမ်းပါ"

Plaster ထုပ်ကို စိုင်းစေးလက်ထဲ ပစ်ပေးလိုက်ပြီး John လက်နှစ်ဖက်အား ကြက်ခြေခတ်လျက် တီရှပ်ကို ခါးကနေ ပင့်ချွတ်လိုက်သည်။ 

"ဒီနှစ်ကလေးတွေက အခြေအနေ ဘယ်လိုလဲ"

တောင့်တင်းနေသော သူ့ပခုံးပြင်ကျယ်တွေပေါ် Plaster ကပ်ပေးရင်း စိုင်းစေးကမေးတော့ John စိတ်ပျက်လက်ပျက် ခေါင်းရမ်းပြလိုက်သည်။

"မစွံဘူး ငါ့ကောင်ရေ...သေအောင် Train ရတာ...ဒီနှစ်က အပင်ပန်းဆုံးပဲ"

Chemistry major ရဲ့ Basketball အသင်းခေါင်းဆောင်အနေဖြင့် John ဒီနှစ် သူ့အသင်းကို တော်တော်လေး အားမရပေ။ ပြိုင်ပွဲရောက်ရင် ဒီထက် ပိုပင်ပန်းလိမ့်ဦးမည်။

"Isaac ရော"

Sofa ပေါ်တွင် မှောက်လျက် လှဲနေသော Isaac က အသံတောင် မထွက်နိုင်ဘဲ လက်တစ်ဖက်ခါပြ၏။

"မင်းပြောတော့ တော်တဲ့ကလေးတွေ ပါတယ်ဆို"

Isaac က မျက်နှာကို သူတို့ဘက် လှည့်လာပေမဲ့ ခုထိ ခေါင်းမထောင်နိုင်သေး။

"တော်တဲ့လူတွေ များပေမဲ့ အသင်းစိတ်ဓါတ်မရှိဘူးလေ...ငါ့မှာ မနည်းလိုက်ညိှနေရတယ်"

စိုင်းစေးက သူ့ဘေးကနေ Isaac အနား သွားကာ Isaac ရဲ့ အင်္ကျီကျောကို လှန်ပြီး ဒဏ်ကြေလိမ်းဆေး လူးပေးသည်။

"ပွဲတောင်မစရသေးဘူး...မင်းတို့က ပြိုင်းနေကြပြီလား"

"ဟက်ဟက်"

သစ်သီးပန်းကန်မလျက် Living Roomထဲ ဝင်လာကြသည့် လျှံသောတနှင့်သျှားရင့်က သူတို့နှစ်ယောက်ကို ရယ်တော့

"Shut up!"

Isaac က လျှံသောတအား ကူရှင်နဲ့ ပစ်ပေါက်ကာ John ကတော့ သူ့နံဘေးဝင်ထိုင်သည့် သျှားရင့်ကို ကန်ထုတ်လိုက်သည်။

Lovey DoveyWhere stories live. Discover now