PART [ 82 ]

10.3K 1.3K 266
                                    

လူရှင်းသည့် Cafe တစ်ခု၏ ထောင့်ကျကျ စားပွဲတစ်ဝိုင်းတွင် အတွဲနှစ်တွဲ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

တစ်ဘက်က ဇေရှိန်ဟန်နှင့်စိုင်းစေးဖြစ်ပြီး တစ်ဘက်ကတော့ Johnနှင့်လွမ်းပင်။

John အနေနဲ့ ကိုယ့် သူငယ်ချင်းရဲ့ ရည်းစားဟာ တခြားလူသာဆို စိုင်းစေး ဒီအချိန်ထိ ဖုံးကွယ်ထားတာကို နားလည်ပေးနိုင်လောက်ပေမယ့် တစ်ဖက်လူက ကိုယ့်ကို လုံးဝ မကြည်တဲ့ ယောက်ဖလောင်း ဖြစ်နေတော့ နားလှည့် ပါးရိုက် လုပ်သလို ခံစားရမှာ ဧကန်ပင်။

ဇေရှိန်ဟန်ဘက်က ကြည့်တော့လည်း ကိုယ့်မှာ ကလေးလေးလို အရိပ်တကြည့်ကြည့် ချစ်ရသည့် ညီဖြစ်သူက ကိုယ့်စကားကို နားမထောင်ဘဲ Johnနှင့်အတွဲလိုက်ကြီး ရုပ်ရှင်ရုံမှာမှ တည့်တည့်လာတိုးလို့ ရင်ခံသွားတာဖြစ်ပြီး  "မင်းနဲ့ငါ စာရင်းရှင်းမှရတော့မယ်" ဟု ဆိုကာ ဒီနေရာမှာ ထိပ်တိုက် တွေ့နေကြခြင်း။

ထိုင်ခုံကို နောက်မှီကာ ခြေတစ်ဖက်ချိတ်ထိုင်နေသော John က လက်နှစ်ဖက်ကို မာန်ပါပါပိုက်လျက် ဇေရှိန်ဟန်ကို မျက်လုံးတွေ မှေးစင်းပြီး ကြည့်နေသလို တစ်ဘက်တွင် ခြေထောက်နှစ်ဖက်ကို  ကားထိုင်ကာ စားပွဲပေါ်မှာ လက်နှစ်ဖက်ကို ယှက်တင်ထားသည့် ဇေရှိန်ဟန်ကလည်း ထီမထင်ဟန်ဖြင့် John ကို တန်ပြန် စိုက်ကြည့်လို့နေသည်။

မျက်နှာချင်းဆိုင် ထိုင်ရင်း မိနစ်အတော်ကြာထိ အကြည့်ချင်းစစ်ခင်း​နေကြသော ဇေရှိန်ဟန်နှင့်John ကြောင့် လွမ်းနှင့်စိုင်းစေးမှာ ပေါက်ကွဲခါနီး ဗုံးနှစ်လုံးကို စောင့်ကြည့်နေရသကဲ့သို့ ရင်တထိတ်ထိတ် ရှိနေကြရှာပြီး

"အငဲ ဒီဘက်လာ"

"စိုင်း​စေးစေး...ငါ့ဘေးလာ"

မျက်နှာငယ်လေးတွေဖြင့် စိုင်းစေးနှင့်လွမ်းတို့သည်  ဇေရှိန်ဟန်နှင့်John ပြောသည့်အတိုင်း ထိုင်ခုံ နေရာချင်း ချိန်းလိုက်ကြရလေတော့သည်။

"မင်းကိုငါ တည့်ပဲ ပြောမယ် ဇေရှိန်ဟန်"

"အဟင်း...ဆိုစမ်းပါဦး"

John ဘက်က အရင် လေသံမာသည့်အခါ ဇေရှိန်ဟန်ကလည်း မဲ့ပြုံးပြုံးလျက် အရွဲ့တိုက်ဖို့ အသင့်။ ဒီနှစ်ယောက် ထထိုးကြရင် အခက်သားလားဆိုပြီး လွမ်းနှင့်စိုင်းစေးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြ၏။

Lovey DoveyWhere stories live. Discover now