PART [ 7 ]

13.8K 1.6K 74
                                    

"အန်တီနန်းဦးဗျ...ဒါလေး လက်ခံပေးပါဗျ"

လွမ်း အဖွား ထည့်ပေးလိုက်သော လက်ဖက်ခြောက်တွေကို လက်ဆောင်ပေးတော့ အန်တီနန်းဦးက အားနာနေသည်။

"ကျေးဇူးတင်ပါတယ် သားရေ...ဆိုင်မှာ သုံးလိုက်မယ်နော်"

အန်တီနန်းဦးသည် အဆောင်မှူးဖြစ်ပေမဲ့ သူတို့ကို သားတွေလိုပဲ နွေးထွေး ကြင်နာ၏။ လွမ်း အဆောင်မနေခင်က အဆောင် ထမင်းဟင်း မစားနိုင်လောက်ဘူးဟု ထင်ခဲ့သော်လည်း  အာဟာရ မျှမျှတတ ချက်ကျွေးတတ်သော အန်တီနန်းဦးကို အမေတို့ကလည်း ကျေးဇူးတင်နေကြသည်။

"ကျွန်တော် ကျောင်းသွားဖို့ ပြင်လိုက်ပါဦးမယ်ဗျ"

"အေးအေး သားလေး"

ကိုကြီးနဲ့ကိုလတ် သူ့ကို မနက်အစောကြီး ပြန်လိုက်ပို့ကြပေမဲ့ မနက် 9 နာရီမှာ အတန်းရှိသေး၍ သူ ကျောင်းကို ပြေးရဦးမည်။ဒီနေ့ သုတနဲ့ ကျောင်းချိန်မတူသဖြင့် လွမ်း တစ်ယောက်တည်း။ အိမ်ကနေ ရေချိုးခဲ့တာမို့ အဝတ်အစား ခပ်သွက်သွက်လဲပြီး အချိန်ဇယားကြည့်ကာ လွယ်အိတ်ထဲ စာအုပ်တွေ ထည့်လိုက်သည်။

အဆောင်ကနေ ထွက်တော့ မနက် ၉ နာရီမတ်တင်း။ သူ ကျောင်းကို အချိန်မှီလေး ရောက်သွားပြီး ခဏနေတော့ English စာ ဆရာမ ဝင်လာ၏။ နောက်တစ်ချိန်က Major ချိန် ဖြစ်သည်။ Major ဆရာမက သဘောကောင်းတာမို့ Major ချိန်ဆို သူ ပျော်သည်။ ဆရာမက ရယ်စရာတွေလည်း ​ပြောလေ့ရှိကာ စာကိုလည်း ဦးဏှောက်ထဲ တစ်ခါတည်းစွဲအောင် သင်ကြားနိုင်သည်။

"ခွင့်ပြုပါ Teachel"

အသံလာရာ အခန်းတံခါးဝဆီ အကြည့်ရောက်သွားတော့ လွမ်း မျက်ဝန်းတွေ ဝိုင်းသွား၏။

"ဘာကိစ္စများလဲ John"

"Welcome အတွက် လူရွေးဖို့ပါ"

ဆရာမ ခွင့်ပေးလိုက်မှ အစ်ကိုနဲ့ တခြား စီနီယာ အစ်ကို အစ်မ နှစ်​ေယာက်က အတန်းထဲ ဝင်လာပြီး သူတို့ကို နှုတ်ဆက်သည်။

"မင်္ဂလာပါ ညီလေးတို့ ညီမလေးတို့"

"မင်္ဂလာပါ"

"နောက်လထဲမှာ အစ်မတို့ ဓာတုဗေဒနဲ့ဇီဝဓာတုဗေဒ ဌာနရဲ့မောင်မယ်သစ်လွင် ကြိုဆိုပွဲရှိပါတယ်...ဖျော်ဖြေရေး အစီအစဥ္ တွေ ပါမှာဖြစ်လို့ သီချင်းဆိုချင်တဲ့ ကလေးတွေက အတန်းအားချိန်ကျရင် အစ်မဆီ စာရင်း လာပေးနော်...ဒီ အစ်ကို နှစ်ယောက်ဆီလည်း ပေးလို့ရတယ်...နောက်ပြီးတော့ အက အဖွဲ့မှာ ပါဝင် အားဖြည့်ပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်...Volunteer အရင်ခေါ်မယ်နော်"

Lovey DoveyWhere stories live. Discover now