"မှောက်လှဲတုန်းက ဒဏ်ရာတွေ ပျောက်ပြီလား"
"ပျောက်ပြီလေ...တော်သေးတယ်...အမာရွတ် မကျန်လို့"
ကောင်လေးက အသားအရည်တော်တော်လှပြီး သူ့ကိုယ်သူလည်း ဂရုစိုက်ပုံရသည်။ Baggy Jean နဲ့ Oversized T-Shirt တွေ အဝတ်များသော ကောင်လေးဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းတက်ကြွနေတတ်သည်။
ကောင်လေးဆီမှာ Smile Eyes လေးတွေ ပေါ်လာသည့် အချိန်မျိုးဆို ပတ်ဝန်းကျင်က လူတွေကိုပါ ပျော်ရွှင်မှုတွေ ဓာတ်ကူးစေနိုင်သော စွမ်းအင်လည်း ရှိ၏။ ဒီကောင်လေး စိတ်ပေါက်ပြီး ဆဲနေရင်တောင် သူရမာန်ပိုင် အတွက်တော့ ချစ်ဖို့ကောင်းနေသည်။
"ဒီအိမ်မှာ ခင်ဗျားတစ်ယောက်တည်း နေတာလား"
"အင်း"
သူ့အိမ်မှာ မိသားစု ဓာတ်ပုံတွေ မမြင်သော်လည်း ကောင်လေးက တခြားလူရဲ့ကိုယ်ရေးကိုယ်တာကို ဘာမှ လျှောက်မမေးပါ။
"ခင်ဗျားရဲ့အိမ် ဖွဲ့စည်းပုံကို ကျွန်တော် သဘောကျတယ်"
"ကိုယ် မင်းကို အမြဲ ကြိုဆိုနေတယ်"
"ကျွန်တော် လျှောက်ကြည့်လို့ရလား"
"ရတာပေါ့"
သူရမာန်ပိုင် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဒီပတ်ဝန်းကျင်ကို သဘောကျလို့ မြေပိုင်ရှင်ဆီမှာ စျေးကြီး ပေးဝယ်ခဲ့တာ ဖြစ်သည်။ သူ့အမေက ဝိုင်ပညာရှင်ဆိုတော့ အမေ လုပ်ချင်ခဲ့တဲ့ ဝိုင်လုပ်ငန်းကို အကောင်အထည်ဖော်ရင်း ခုတော့ ဒီနေရာမှာ အခြေချနိုင်ခဲ့ပြီ။
"ဒီကနေ ကြည့်တာ ပိုလှတယ်...Vineyard တွေကို ကောင်းကောင်း မြင်ရတယ်"
"တောင်တန်းတွေကြားက နေဝင် နေထွက်ချိန်ကိုလည်း မြင်ရတယ် သိလား...ဆောင်းရာသီဆို အလှဆုံးပဲ"
"အခုလည်း လှပါတယ်...မိုးဦးကျစဆိုတော့ စပျစ်ခင်းတွေက စိမ်းစိုနေတာ"
"ကိုယ်တို့ နောက် အပတ်ကျရင် စပျစ်သီးခူးကြမှာ...မင်း လာချင်လား"
"ကျွန်တော် ကျောင်းပိတ်ရက်ကျ လာခဲ့မယ်လေ"
"အင်း"
အရင်ကဆို သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်မိတာနဲ့ ရန်ဖြစ်နေရပေမယ့် စကားကောင်းကောင်း ပြောကြည့်တော့လည်း ကောင်လေးက ရင်းနှီးဖို့ မခက်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)