PART [ 98 ]

8.9K 1.2K 123
                                    

"မမ Isabel က EDM Show  လက်မှတ်တွေ ပေးလိုက်တယ်"

"ငါတို့အတွက် VIP  ၁၀စောင်တောင်လား"

"အင်း...ရည်းစားတွေရှိရင် ခေါ်ခဲ့ဖို့တဲ့"

"ဟ"

ရည်းစားမရှိသော လျှံသောတနှင့်သျှားရင့်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပေမယ့် ကျန်လူများကတော့ လက်မှတ်နှစ်စောင်စီ ယူလိုက်ကြပြီဖြစ်သည်။

"ခွန်က လူရှုပ်တဲ့နေရာတွေ ကြိုက်မယ် မထင်ဘူး"

"ငါကတော့ လွမ်းကို ခေါ်ကြည့်ဦးမယ်"

"ဒါဆို ရှိန်ဇေ့ကို ခေါ်လို့ ဖြစ်ပါ့မလား"

"မာန်ပိုင်...ကျွန်တော်နဲ့Show ပွဲလိုက်ခဲ့"

John တို့တွေက ကိုယ့်လူတွေကိုယ် ခေါ်သင့် မခေါ်သင့် စဥ်းစားနေကြတုန်းမှာ လျှံသောတကတော့ သူ့ဘဲကြီးကို ဖုန်းတစ်ချက်ပဲ ဆက်ရသည်။

"ငါကတော့ ခေါ်ဖို့လူ မရှိဘူး...ပိုနေတဲ့ လက်မှတ်ကို ဘယ်သူ့ကို ပေးရမလဲ"

"လွမ်း လိုက်မယ်ဆို သူ့သူငယ်ချင်း သုတကို ပေးလို့ရတယ်"

"Okay"

"စေး မင်းလည်း ရှိန်ဇေကို မေးကြည့်လေ...ငါက လွမ်းကို ခေါ်မယ်ဆိုတာလည်း ပြောပြလိုက်ပေါ့"

"အင်း"

"ငါ ခွန်တို့အိမ်ဘက် သွားလိုက်ဦးမယ်"

"ငါလည်း လိုက်မယ် Isaac"

Isaac နှင့် Johnတို့နှစ်ယောက် ခွန်ဦးတို့ ခြံဘက်ကို ရောက်တော့ Isaac က ခွန်ဦးတို့အိမ်ထဲ ဝင်သွားပြီး John ကတော့ လွမ်းတို့နေသည့် အဆောင်ဘက်ကို ဆက်လျှောက်ခဲ့၏။

"လွမ်း"

သူ လွမ်းကို အဆောင်ရှေ့ကနေ လှမ်းခေါ်လိုက်ပေမယ့် လွမ်းက ထွက်မလာဘဲ လွမ်းရဲ့သူငယ်ချင်း သုတပဲ ထွက်လာသည်။

"လွမ်းက ရေချိုးဆောင်ဘက်မှာဗျ"

"ဪ...ဒီမှာ ခဏ စောင့်လိုက်မယ်"

အဆောင်ရှေ့က ခုံတန်းမှာ ထိုင်ပြီး John သူ့ရဲ့ ရွှေရင်အေးလေးကို စောင့်နေစဥ် ခွန်ဦးသွားရာနောက် တကောက်ကောက် ပတ်လိုက်နေသော Isaac ကို မြင်ရ၏။

Lovey DoveyWhere stories live. Discover now