PART [ 150 ]

5.9K 888 48
                                    

လျှံသောတ သူ့ရဲ့လာမည့် မွေးနေ့အတွက် ဧည့်သည်စာရင်းနှင့်တိုက်ပြီး ဖိတ်စာမှာ နာမည်တွေ ရေးနေရသည်။

သူ့မွေးနေ့တိုင်း အဖေက သူလုပ်ချင်သမျှ အကုန်ဖြစ်စေတာမို့ မွေးနေ့မတိုင်ခင် တစ်ပတ်လောက်ကတည်းက လျှံသောတက နေရာထိုင်ခင်းကစလို့ ကျွေးမွေးမည့်အစားအသောက်တွေအထိ သူ့စိတ်တိုင်းကျ စီစဥ်လေ့ရှိ၏။

ဒီနှစ်တော့ အဖေ့အိမ်မှာ Party ပေးပြီး မြင်းပြိုင်ပွဲနှင့်တခြား ကစားပွဲလေးတွေလည်း ရှိလိမ့်မည်။ ထုံးစံအတိုင်း နာမည်ကြီး DJ လည်း ငှားထားသလို Rapper တချို့လည်း သီချင်းဆိုဖို့ရှိသည်။ Dress code ကတော့ သတ်သတ်မှတ်မှတ် မရှိဘဲ ကိုယ်ကြိုက်သလို ဝတ်နိုင်၏။

အစားအသောက်အတွက်က ဘူဖေးနှင့်ဝိုင်၊ ရှန်ပိန်၊ ကော့တေး စသည်ဖြင့် စီစဥ်ထားပြီး အရက်မသောက်တတ်တဲ့သူတွေအတွက်တော့ မော့တေး စီစဥ်ပေးထားမည် ဖြစ်သည်။

သူတို့အိမ်က လုပ်တဲ့Party တွေက လူစည်ကားတာကြောင့် သူတို့ အိမ်က Security တွေအပြင် အဖေ့ရဲ့ Bodyguard တွေနှင့် သူ့ရဲ့Bodyguard တွေလည်း လုံခြုံရေး ယူပေးကြမှာမို့ Party ကို လာတဲ့အချိန်ကစလို့ ပြန်တဲ့အချိန်အထိ ဘယ်သူမှ ထိခိုက်မှု မရှိရအောင်လည်း တာဝန်ယူသည်။

ပြီးတော့ သူက Birthday Party ဆိုရင် နေ့ဘက်မှာပဲ လုပ်လေ့ရှိတာမို့ အန္တရာယ် ပိုကင်းပါ၏။

သူ့ Party မှာ အားလုံး လွတ်လွတ်လပ်လပ်ပျော်နိုင်ကြပေမယ့် Party Drugs တွေ ယူဆောင်လာခြင်း၊ အသုံးပြုခြင်းတွေကို လုံးဝ ခွင့်မပြုပါ။ နောက်တစ်ခုက လူတွေ စိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင် ခိုက်ရန်ဖြစ်ပွားတာနဲ့ Party ထဲက ဆွဲထုတ်ခံရဖို့သေချာသည်။ အမြင် မတင့်တယ်လောက်စရာ Sex ကိစ္စတွေကိုလည်း တားမြစ်ထားပြီး Party ကို လာသည့် ဧည့်သည်တွေ အကုန်လုံးက သူ့အတွက် တန်းတူပဲမို့ နှိမ်ချဆက်ဆံခံရမှု၊ ပျက်ရယ်ပြုခံရမှုတွေလည်း မရှိစေရ။

သူ့ရဲ့ Party rule တွေက လူမှုကျင့်ဝတ် နားလည်သူတွေအဖို့တော့ လိုက်နာရန် မခက်ခဲပါလေ။

ဖိတ်စာမှာလည်း မှတ်ချက်အနေနဲ့ No drugs, No sex, No fight,
and Please...No presents , just your presence. ဟု ထည့်ထားသည်။

Lovey DoveyWhere stories live. Discover now