PART [ 91 ]

10.3K 1.3K 121
                                    

"၉ နာရီ ခွဲနေပြီ စေး"

နှစ်ယောက်အတူ ချည် ထိုးနေကြရင်း Isaac က ပြောလာတော့ စိုင်းစေး လက်က iWatch ကို တစ်ချက် ကြည့်မိသည်။

"ငါ မသွားသေးဘူး"

ရှိန်ဇေကတော့ သူ မလာမချင်း စောင့်နေမှာ သေချာပေမယ့် စိုင်းစေး အခု သွားတွေ့ရင် အခု စိတ်ပြေသွားမည့် ကိုယ့်အကြောင်း ကိုယ်သာ အသိဆုံး။

"John ကို အားနာလို့လား"

"အင်း...အဲဒါလည်း ပါတာပေါ့"

"Johnက ဇေရှိန်ဟန်နဲ့ မပြေလည်တဲ့ ပြဿနာကို ကောင်းကောင်း ​ဖြေရှင်းနိုင်ပါလိမ့်မယ်...မင်းက သူငယ်ချင်းနဲ့ရည်းစားကြားမှာ နေရခက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မပင်ပန်းစေနဲ့ စေး...Johnလည်း မင်းကို အဲဒီလို ဖြစ်စေချင်မှာ မဟုတ်ဘူး"

"ငါ နားလည်ပါတယ်"

*******************************

ဇေရှိန်ဟန် ချိန်းထားသည့်အချိန် မနက်၁၀ နာရီ မထိုးခင်ကတည်းက စိုင်းစေးကို စောင့်နေသည်မှာ နေ့လယ် နေမွန်းတည့်ချိန်ပင် ရောက်လေပြီ။

စိုင်းစေးက သူ့ကို လာ မတွေ့တာလည်း ဖြစ်နိုင်ပေမယ့် သူကတော့ ဒီနေရာမှာပဲ ညအထိ စောင့်ဖို့ ဆုံးဖြတ်ထား၏။

သူ စိုင်းစေးကို သတိရတိုင်း စိုင်းစေးရဲ့ Youtube Channel ထဲ ဝင်ပြီး Videoတွေကို ဝင်ကြည့်လေ့ ရှိသည်။

Subscribers 507k ရှိသော @thesaisayy channel မှာ
စိုင်းစေး အပင်စိုက်သည့် Vlog တွေ၊ စိုင်းစေး ကိုယ့်အခန်းကိုယ် သန့်ရှင်းရေးလုပ်သည့် Vlog တွေ၊ သူငယ်ချင်းတွေနှင့်ခရီးသွား Vlogတွေအပြင် စိုင်းစေး ကိုယ်တိုင် Guitar တီးရင်း ဆိုထားသည့်  cover song တွေလည်း ရှိသည်။

ခုံတန်းတစ်ခုတွင် ထိုင်ရင်း
သူ စိုင်းစေးရဲ့Channel မှာ တင်ထားသမျှ video တွေအကုန်လုံးကို ကြည့်ပြီးသွားတော့ မွန်းလွဲ နှစ်နာရီ။

မနက်ကတည်းက မှိုင်းညို့နေသည့် ပတ်ဝန်းကျင်ဟာ အခုတော့ မိုးရိပ်တွေ လွှမ်းကာ အေးစိမ့်စိမ့် ဖြစ်လာ၏။

ဇေရှိန်ဟန် နေ့လယ်က ချွတ်ထားသည့် Corduroy Jacket အပါး ကို ပြန်ဝတ်ရင်း လမ်းထိပ်ဘက်သို့ တစ်ချက် မျှော်ကြည့်မိပြန်သည်။

Lovey DoveyWhere stories live. Discover now