PART [ 106 ]

8.9K 1.1K 67
                                    

"ခွန် ဗိုက်ဆာနေပြီမလား"

ဆေးလိမ်းထားသည့် သူ့ခြေကျင်းဝတ်ကို နှိပ်နယ်ပေးရင်း Isaac က မေးလာတော့ ခွန်ဦး ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် ဟင်းတွေနွေးပြီးရင် အပေါ်ထပ်ကို ခူးတက်လာပေးရမလား"

"အောက်ထပ်မှာပဲ စားမယ်"

"ကျွန်တော် ချီရမလား"

"တွဲရုံ တွဲပေး...ငါ လျှောက်နိုင်တယ်"

Isaac က သူ့ခါးကို ဖက်ထိန်းပေးလာတော့ ခွန်ဦးလည်း Isaacရဲ့ပခုံးကို ပြန်လည် ဖက်တွယ်လိုက်၏။ 

မျက်နေတဲ့ ခြေထောက်က ဘယ်ဖက်မို့ ညာခြေထောက်ကို အားပြုကာ ခွန်ဦး အခန်းပြင်သို့ တစ်လှမ်းချင်း လှမ်းတော့ Isaac ကလည်း သူ့ကိုတွဲရင်း ဖြည်းဖြည်းချင်း လျှောက်သည်။

Isaac က တစ်ဖက်ကနေ လှေကားလက်ရန်းကို ထိန်းကိုင်ထားကာ တစ်ဖက်က သူ့ကို ထိန်းထားရင်း လှေကားထစ်တွေပေါ်က သူ့ခြေထောက်တွေကိုလည်း ဂရုတစိုက် ကြည့်လာ၏။

"ခွန်က ငြိမ်ငြိမ်လေး ထိုင်နေ...ကျွန်တော် ညစာ ပြင်လိုက်မယ်"

မီးဖိုခန်းထဲ ရောက်တော့ Isaac က ခွန်ဦးကို ထမင်းစားပွဲနားက ခုံတစ်လုံးပေါ်မှာ ထိုင်စေပြီး ညစာ ပြင်ဖို့အတွက် လက်အရင် သွားဆေးသည်။

"ဟင်းတွေက အပေါ်ဆုံးထပ်မှာ"

ခွန်ဦး ဖန်ဘူးတွေနှင့်ထည့်ကာ ရေခဲသေတ္တာထဲတွင် သိမ်းထားသော ဟင်းတွေကို တစ်မျိုးပြီးမှ တစ်မျိုး ဒယ်အိုးနှင့်ပြန်နွေးနေသည့် Isaacက
သူတတ်သလောက်တော့ ကြိုးစားနေပါ၏။

"ကြက်သားဟင်းက ဒီလောက် နွေးရင် ရပြီလား ခွန်"

"ရပြီ ချလိုက်တော့"

စားပွဲပေါ်တွင် ညစာ အသင့်ဖြစ်ချိန်ကျ
ခွန်ဦး သူ့ ရည်းစားလေးကို အနားခေါ်ပြီး တစ်ရှူးလေးဖြင့် ချွေးသုတ်ပေးမိသည်။

"ခွန် မနက်ဖြန်ကျ အဆောင်သားတွေကို ဟင်းချက်ပေးနိုင်ပါ့မလား"

"မနက်ဖြန် တစ်ရက်တော့ ဆိုင်က မှာပေးရတော့မှာပဲ"

အဆောင်သားတွေက ထမင်းအိုးတော့ ကိုယ့်ဘာသာ ပေါင်းကြပြီး ဟင်းကတော့ အမေပဲ ချက်ပေးတာ ဖြစ်သည်။ အမေ မအားမှသာ ခွန်ဦး ချက်ပေးပေမယ့် အခု သူ့အခြေအနေက ကိုယ့်ဘာသာ ချက်စားဖို့တောင် အနိုင်နိုင်။

Lovey DoveyWhere stories live. Discover now