PART [ 127 ]

7K 1K 51
                                    

"ကျွန်တော် အရင်နေ့က စေးရဲ့အခန်းထဲကို တံခါးမခေါက်ဘဲ ဝင်သွားမိတာ"

"အင်း"

"အရင်ဆို တံခါးခေါက်နေကျပါ...ပြီးတော့ စေးက သူ့အခန်းတံခါးကို Lock သိပ်မချထားတတ်တဲ့သူမို့ ကျွန်တော်တို့က တစ်ခါတလေဆို အဲလို တံခါးမခေါက်ဘဲ ဝင်သွားမိတာမျိုး ရှိတတ်တယ်"

"အင်ဟင်း"

Isaac ပြောချင်သည့် အကြောင်းအရာက တော်တော်နဲ့ လိုရင်းမရောက်ပေမယ့် ခွန်ဦး စိတ်ရှည်လက်ရှည်ဖြင့် နားထောင်ပေးနေမိသည်။

"အဲဒါ အရင်နေ့ကလည်း သတိလက်လွတ်နဲ့တံခါးတွန်းဖွင့်လိုက်မိတော့ စေးက သူ့ bfနဲ့အတူတူ ရှိနေတယ်"

"အဲတော့..."

"အိပ်ရာပေါ်မှာလေ...ရှယ်နမ်းနေကြတာ...ကျွန်တော်လည်း မျက်နှာပူပူနဲ့ပြန်ထွက်လာခဲ့ပေမယ့် စေးလည်း အတော်လေးရှက်သွားပုံပဲ"

"ဖြစ်တတ်ပါတယ်...နောက်ဆို ပိုသတိထားပေါ့"

သူ့ ပေါင်ပေါ် ခေါင်းအုံးလျက် လှဲနေသည့် Isaacရဲ့ လှိုင်းသဏ္ဍာန် ဆံစတွေကို ဖွဖွကလေး သပ်ပေးရင်း ခွန်ဦး ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်လိုက်သည်။

"ခွန်"

"အင်း"

"ကျွန်တော်တို့ မနက်ဖြန် ခရီးထွက်ကြမလား"

"မင်း လွမ်းတိုင်းကို သွားလည်ဦးမှာဆို"

"ကျွန်တော် မလိုက်သွားတော့ဘူး...ခွန်နဲ့အတူ Canadaကို ပြန်ချင်ပြီ...ခွန် အဆင်ပြေတယ်ဆို အခု စီစဥ်လိုက်မယ်"

"သဘောပဲ"

Isaac က လှဲနေရာမှထပြီး ချက်ချင်းပဲ လေယာဥ်လက်မှတ်မှာဖို့ လုပ်နေ၍ ခွန်ဦးလည်း ထိုင်ရာမှ ထပြီး လက်ထဲက စာအုပ်ကို စာအုပ်စင်ပေါ်တွင် နေရာတကျ ပြန်ထားလိုက်၏။

"လက်မှတ်ရတယ် ခွန်...ဒီကနေ ရန်ကုန်ကို တစ်ဆင့်စီးပြီး ရန်ကုန်ကနေမှ ကနေဒါကို တစ်ဆင့်စီးရမယ်"

"မနက်ဖြန် ဘယ်နှစ်နာရီလဲ"

"မနက် ၇နာရီလောက် ထွက်ရအောင်"

"ဒါဆို ငါ ခရီးဆောင်အိတ် ပြင်လိုက်တော့မယ်"

"ကျွန်တော်လည်း အိမ်ဘက်ခဏပြန်လိုက်ဦးမယ်"

Lovey DoveyWhere stories live. Discover now