PART [ 112 ]

8.7K 1.1K 145
                                    

"စေး ငါတို့ရောက်ပြီ"

အိမ်ရှေ့က သျှားရင့်နှင့်လျှံသောတရဲ့ကားသံကို ကြားမှပဲ စိုင်းစေး အခန်းအောင်းနေရာက အိမ်အောက်ထပ်သို့ ဆင်းခဲ့တော့သည်။

"စေး...သား မနက်စာ စားတော့မလား"

"ကျွန်တော် သူငယ်ချင်းတွေနဲ့ နားနေဆောင်ဘက် သွားလိုက်ဦးမယ်"

သူ မနေ့ကတည်းက ဒီမနက်အထိ မိသားစုထမင်းဝိုင်းကို ရှောင်နေမိသည့်အကြောင်းအရင်းက ကိုမာန့်ကို မျက်နှာပူ၍ပင်။

"အန်တီနှင်း မင်္ဂလာပါဗျ"

"မင်္ဂလာပါကွယ်...သားတို့ မနက်စာ စားပြီးကြပြီလား"

"မစားလာရသေးဘူးဗျ"

"ဒါဆို နားနေဆောင်နား လာပို့ပေးမယ်"

"ဟုတ်ကဲ့ဗျ"

"ကျေးဇူးတင်ပါတယ်ဗျ"

စိုင်းစေးတို့ သူငယ်ချင်းသုံးယောက် ဝါးရုံတောနားက နားနေဆောင်ပေါ်ရောက်တော့ စိုင်းစေး လေလာရာဘက်ကို မျက်နှာမူကာ အသက်ဝအောင်ရှူလိုက်မိသည်။

"အေးချမ်းလွန်းလှတဲ့ တစ်မိုးအောက်တစ်ယောက် စိုင်းစေးတောင် ရည်းစားထားတော့ အပူတွေများနေတာကို နောက်တစ်ယောက်ပါ ဘဲရသွားပြန်ပြီ"

မနေ့ညက Group Chat ထဲမှာ သျှားရင့် ပြောပြလို့ လျှံသောတနှင့်ကိုသူရတို့ ရည်းစားတွေ ဖြစ်သွားကြတာကို စိုင်းစေးလည်း သိပြီးပြီ။

"ကိုမာန် မရှိဘူးလား စေး"

လျှံသောတက သျှားရင့်ပြောသည့် စကားကို လမ်းကြောင်းလွှဲပြီး စိုင်းစေးရင်ဆိုင်နေရသည့် ပြဿနာကို မီးမောင်းထိုးပြလာ၏။

"ကိုမာန် ရုံးသွားပြီ"

"မင်းအိမ်က တခြားလူတွေရော သိကြလား"

"အဖေနဲ့အမေတော့ အခုထိ မသိသေးဘူး...ဒါပေမယ့် ကိုမာန်ပြောလိုက်လို့ မမတို့နဲ့ကိုခေးတော့ သိသွားပြီ"

"ဘာပြောကြလဲ"

"အဲဒါ မနေ့ညက ငါတို့ မောင်နှမတွေ ဆုံတော့ မကြီးနန်းနွေးက သူလည်း သားယောက်ျားလေးရှိတဲ့ မိခင်တစ်ယောက်မို့ ရှိန်ဇေ့ကို  ကောင်းသည် ဆိုးသည် မဝေဖန်ချင်ဘူးတဲ့...မလတ်ကတော့ ငါ ဘယ်သူနဲ့တွဲတွဲ ငါပျော်ရွှင်ဖို့က အဓိကလို့ပြောတယ်"

Lovey DoveyWhere stories live. Discover now