PART [ 41 ]

11.5K 1.2K 133
                                    

"မေမေအေးချမ်း!"

လျှံသောတက အမေ့နာမည်ကို ခေါ်ရင်း အိမ်ထဲ ပြေးဝင်သွားသည့်အခါ အမေကလည်း

"ပူတူတူးလေး!"

ဟုဆိုကာ လျှံသောတအား ပွေ့ဖက် ကြိုလိုက်ပါသည်။

နောက်မှာ ပါလာတဲ့ သားအရင်း သျှားရင့်ကိုတော့ မြင်ဟန်မတူဘဲ အမေသည် မွေးစားသားလေး လျှံသောတကိုပဲ အဖက်လုပ်နေ၏။

"နေကောင်းသွားပြီလား လျှံလျှံလေး"

"ဟုတ်"

"စာမေးပွဲ​ဖြေခဲ့ရတာ ပင်ပန်းရောပေါ့...ပြော မေမေ အေးချမ်း ဘာချက်ကျွေးရမလဲ"

"တရုတ်စာ" "ကိုးရီးယားစာ"

သျှားရင့်နှင့်လျှံသောတရဲ့အသံက တစ်ပြိုင်တည်း ထွက်သွားသော်လည်း

"Ok...ကိုးရီးယားစာ ချက်ကျွေးမယ်"

အမေက လျှံသောတ ပြောတာကိုပဲ အတည်ကြားလေရဲ့။

"အမေနော်...ကျွန်တော်က အမေ့သားနော်"

သျှားရင့် မကျေမနပ်ဖြင့် ကလေးတစ်ယောက်နှယ် ခြေဆောင့်လိုက်လေတော့

"​ေဩာ်...လျှံလျှံ ့မှာ ဧည့်သည် ပါလာတာပဲ"

အမေ့အပြောကြောင့် လျှံသောတက တခွီးခွီးရယ်သည်။

"မင်း ပြန်တော့"

"မပြန်ပါဘူး...ဒါ မင်း အိမ် မို့လို့လား"

ခပ်တည်တည်နဲ့လျှံသောတသည် အိမ်အပေါ်ထပ်သို့ တက်သွားပြီး သူ့အခန်းထဲဝင်သွားပုံမှာ သူ့အိမ်သူ့ရာအတိုင်း။

"ဝါး...သက်သောင့်သက်သာ ရှိလိုက်တာ"

မွေ့ရာပေါ်  ပစ်လှဲချလိုက်သော လျှံသောတအား သျှားရင့် မြင်ပြင်းကတ်စွာပင် လက်ထဲက ကျောပိုးအိတ်နဲ့ ပစ်ပေါက်လိုက်မိ၏။

ဒီအခြေအနေကို အကျွမ်းတဝင်ဖြစ်နေပြီးသား လျှံသောတကလည်း သူပေါက်လိုက်တဲ့ လွယ်အိတ်ကို Pro ကျကျ ပုတ်ထုတ်လိုက်ပါသည်။

သျှားရင့် လက်တွေကို ကြက်ခြေခတ်လျက် ကိုယ်ပေါ်က တီရှပ်ကို ခါးမှ ပင့်ချွတ်လိုက်၏။

သူရေချိုးခန်းထဲ ဝင်ပြီး မိနစ်၂၀ အကြာမှာ ပြန်ထွက်လာတော့ လျှံသောက ခုတင်ပေါ်မှာ ဆန့်ဆန့်ကြီး အိပ်ပျော်လျက်ရှိသည်။

Lovey DoveyWhere stories live. Discover now