PART [ 19 ]

11.9K 1.4K 90
                                    

ခွန်က ပုဆိုးနဲ့ရှပ်အင်္ကျီကို ရိုးရိုးရှင်းရှင်း ဝတ်ထားလျှင်တောင် တည်ကြည်ခံ့ညားနေတတ်တာမို့ ယခုလို Classic ဖြစ်တဲ့ Fashion look မျိုးနဲ့ဆိုတော့ Isaac မှာ မကြာခဏ ငေးကြည့်နေရ၏။ ခွန့်ဆီကရတဲ့ ကိုယ်သင်းနံ့လေးကိုလည်း Isaac သဘောကျသည်။

"လူရှင်းတဲ့နေရာ သွားမလား ခွန်"

"အင်း"

ဒီနေ့ဖွင့်ပွဲမှာ မေမေ့လက်ရာ Design တွေကို 50% promotion ချတာမို့ တချို့ဆိုင်တွေမှာဆို လူတွေက ကျိတ်ကျိတ်တိုးနေတတ်သည်။ ခွန်က လူရှုပ်လွန်းတဲ့နေရာတွေကို မကြိုက်မှန်း Isaac သိတာမို့ ခွန့်ကို အဆောက်အဦးရဲ့အမိုးထပ်ရှိလေသာဆောင်ပေါ်သို့ ခေါ်လာလိုက်၏။

"ခွန် ဘာသောက်မလဲ"

"ရပါတယ် ဘာအအေးဖြစ်ဖြစ်"

လေသာဆောင်ပေါ်မှာ Food bar ရှိ၍
သူ ခွန့်ကို စားပွဲဝိုင်းတစ်နေရာတွင် ထိုင်စေပြီး သူကိုယ်တိုင် bar မှာ Orange juice နှစ်ခွက်နှင့်Chocolate cake တစ်ပန်းကန် သွားယူလိုက်သည်။ သူ ခွန်ရှိရာ ပြန်သွားတော့ ခွန်က ခုံနောက်ကျောကိုမှီကာ တောင်တန်းတွေဘက် ငေးလျက်။ Blazer coat ကို ချွတ်ထားပြီး ခြေချိတ်ထိုင်နေပုံကတောင် ဆွဲဆောင်မှုအပြည့်။

"ဘာတွေ တွေးနေတာလဲ"

ခွန့်ရှေ့တွင် Orange Juice တစ်ခွက် ချပေးရင်း သူမေးတော့မှ ခွန်က သူနှင့်မျက်နှာချင်းဆိုင်လာသည်။ တည်ငြိမ်အေးဆေးသော ခွန်က စကားကို လိုအပ်တာထက် ပိုမပြောသူမို့ စိတ်ထဲ ဘာတွေ တွေးနေသလဲ Isaac အမြဲ သိချင်မိသည်။ အထူးသဖြင့် သူ ခွန့်ရဲ့မျက်ဝန်းတွေကို နားလည်နိုင်လျှင် ကောင်းမည်။

"Isaac"

"ဗျာ"

ခွန်က သူ့ထက် အသက် ရှစ်လပဲ ကြီးသော်လည်း ရင့်ကျက်မှုကတော့ လေးစားစရာပင်။

"ငါ မင်းကို ခဏခဏ ငြင်းနေတာ မင်း စိတ်မကုန်ဘူးလား"

လေးလေးနက်နက် ဖြေသင့်တဲ့ မေးခွန်းမို့ သူ ခွန့်မျက်ဝန်းတွေထဲ စိုက်ကြည့်လိုက်သည်။

"သဘောကျ နှစ်သက်ခြင်းမှာ အတိုင်းအတာ ရှိနိုင်ပေမဲ့ ချစ်မြတ်နိုးခြင်းမှာတော့ စိတ်ကုန်သွားတယ်ရယ်လို့ မရှိဘူး ခွန်"

Lovey DoveyWhere stories live. Discover now