PART [ 138 ]

6.5K 959 89
                                    

"ကျွန်တော် ဒီမနက် ၇နာရီနိုးတယ် ကိုကို"

"Lucky နဲ့အတူ မနက် လမ်းလျှောက်ထွက်နေတာ"

"မနက်စာက ကြက်ပေါင်းခေါက်ဆွဲ"

"ဒီနေ့ ရွာထဲက ငယ်သူငယ်ချင်းတွေ အိမ်လာလည်လို့ မေမေက ငါးပေါင်းနဲ့ သင်္ဘောသီးထောင်း လုပ်ကျွေးတယ်"

"ကျွန်တော် နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်လိုက်ဦးမယ် ကိုကို"

"ညနေခင်း ဆိုင်ကယ်ပတ်စီးရင်း ကိုလတ်ရဲ့လက်ဖက်ခင်းထဲရောက်"

"ညနေစာ ထမင်းနဲ့ ဖက်ကဖောင်"

"အိပ်ရာမဝင်ခင် တရားထိုင်လိုက်ဦးမယ်ဗျ"

"ကိုးနာရီကျော်ပြီမို့ Goodnight ကိုကို"

Chatbox ကနေ ပုံတွေနှင့်အတူ ပို့လာသည့် လွမ်းရဲ့Message တွေကို ဖတ်ရတိုင်း John တစ်နေ့မှာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပြုံးမိလေသည်။

"ကိုကိုက ၇နာရီခွဲမှ နိုးပါတယ်ဗျ"

"ကိုကိုလည်း Gym ကစားနေတယ် ဘေဘီ"

"ကိုကို့ရဲ့မနက်စာက တို့ဟူးနွေး"

"ကိုကိုကတော့ ဒီနေ့ အိမ်မှာပဲ အလုပ်လုပ်ဖြစ်တယ်"

"ညနေစောင်းထိ မအိပ်နဲ့နော် ဖျားမှာစိုးလို့"

"ကိုကိုက ညနေပိုင်းမှာ ရေကူးပါတယ်"

"ကိုကို့ညစာက ပါစတာနဲ့ဝိုင်"

"ကိုကိုလည်း ဒီနေ့ကစပြီး တရားထိုင်ကြည့်ရင် ကောင်းမလား"

"ကိုကိုက အလုပ်ရှိသေးလို့ ၁၀ နာရီမှ အိပ်မယ်နော်...Sleep tight ဘေဘီ"

ထိုကဲ့သို့သော အပြန်အလှန် Message တွေနဲ့ သူတို့ရဲ့တစ်နေ့တာကို မျှဝေနေကြရင်း သီတင်းကျွတ် အချိန်အခါကိုတောင် ရောက်လာလေပြီ။

အခါကြီး၊ရက်ကြီးတွေဆို John တို့အိမ်မှာလည်း အဖေ့ဘက်က ကန်တော့လာသည့် အမျိုးများဖြင့် စည်ကားလျက်ရှိ၏။ အဖေက မိသားစုထဲမှာ သားအကြီးဆုံးဖြစ်သလို ဆွေမျိုးအသိုင်းအဝိုင်းထဲမှာလည်း အချမ်းသာဆုံးနှင့်အအောင်မြင်ဆုံး လူပင်။

ထို့ကြောင့်လည်း အဖေ့ကိုမျက်နှာလုပ်ချင်သူတွေက တန်းစီနေတတ်ပြီး အဖေကလည်း အဲဒါကို ဂုဏ်ယူသည်။ အဖေ့ရဲ့ဆုံးမဩဝါဒကိုမှ ခံယူချင်သူတွေကြားမှာ အဖေ့စကား နားမထောင်ဘဲ ကိုယ်လုပ်ချင်တာ လုပ်တဲ့သူဆိုလို့ အဖေ့သားအငယ် Johnပဲ ရှိမည်။

Lovey DoveyWhere stories live. Discover now