PART [ 135 ]

6.8K 891 133
                                    

Ottawa, Canada.

Canada နိုင်ငံတွင် အောက်တိုဘာလက ဆောင်းဦးရာသီဖြစ်ပြီး မေပယ်လ်ရွက်တွေ အရောင်ပြောင်းချိန်လည်းဖြစ်သည်။

ခွန်ဦး Ottawa မြို့ကို ရောက်နေတာ ဒီနေ့နဲ့ဆို သုံးရက်မြှောက်။

မနက် အိပ်ရာထတိုင်း သူ့အခန်းပြတင်းကနေ ခြံထဲသို့ကြည့်လိုက်လျှင် ဆောင်းဦးရာသီရဲ့အလှတရားဖြစ်သော အဝါ၊ လိမ္မော်၊အနီနှင့်ရွှေရောင်သမ်းသော မေပယ်လ်ပင်တွေကို  ရောင်ခြယ်ပန်းချီကားချပ်သဖွယ် မြင်ရ၏။

သဘာဝရဲ့ဆန်းကြယ်ပုံက ပတ်ဝန်းကျင်မှာ ထိုကဲ့သို့ နွေးထွေးသော အရောင်များဖြင့်ခြယ်သထားပေမယ့် ရာသီဥတုကတော့ ချမ်းအေးနေတာပင်။

"ဒေါက် ဒေါက်"

Isaac သူ့အခန်းတံခါးကို လာခေါက်တော့ ခွန်ဦး ရေချိုးပြီး အဝတ်လဲနေချိန် ဖြစ်သည်။

"ခွန်...ကျွန်တော် ဝင်လာမယ်နော်"

"ဝင်ခဲ့လေ Isaac"

အပြင်သွားဖို့အတွက် တစ်ခါတည်း ပြင်ဆင်လာသည့် Isaac ကတော့ နေ့တိုင်း တက်ကြွနေတာပင်။

"ခွန် အဝတ်က သုံးစုံလောက် အပို ထည့်ခဲ့နော်"

"အင်း"

ခွန်ဦးလည်း လိုအပ်တာတွေ ပြင်ဆင်ပြီး Isaac နှင့်အတူ အိမ်ကနေ ထွက်လာချိန်က မနက် ၈ နာရီခွဲ။

"မနက်စာကို Flight ပေါ်မှာ စားကြတာပေါ့"

"အင်း"

Isaac အဖိုးရဲ့ Private jet နဲ့ပဲ သူတို့တွေ Ottawa ကနေ စထွက်တော့ Flight attendant လေးတွေက မနက်စာ ပြင်ပေးပါသည်။

"Canadian breakfast လေ...ခွန် စားရ အဆင်ပြေလား"

"ပြေပါတယ်"

မနက်စာ စားပြီးနောက်မှာတော့ Isaac က ၄နာရီခန့် ကြာမည့် လေယာဥ်ချိန်ကို ရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးစေမည်ဟုဆိုကာ TV ရှေ့ရှိ ခုံရှည်ပေါ်တွင် သူနှင့်အတူ ထိုင်၏။

"ဘာကားကြည့်မလဲ ခွန်"

"မင်း ရွေးလိုက်"

"ဒါဆို Minions ကြည့်မယ်"

"သဘော"

ခွန်ဦးက Animation တွေ သိပ်မကြည့်ဖူးပေမယ့် Isaac ရယ်ရင် သူပါ လိုက်ပြုံးမိတာပင်။

Lovey DoveyWhere stories live. Discover now