PART [ 81 ]

9K 1.1K 270
                                    

"လွမ်းက ငါ့ကို ကိုကိုလို့ ခေါ်လိုက်တာကွာ"

ရင်ခုန်ကြည်နူးဖွယ်ရာ အခိုက်အတန့်လေးကိုပြန်လည်ပုံဖော် ပြောပြဖို့ John စိတ်လှုပ်ရှားနေသော်လည်း Isaac က "ဒီကောင် ထပ်စ လာပြန်ပြီ" ဟူသည့် သဘောဖြင့် သူ့အခန်းထဲကနေ ထွက်သွားဟန် ပြင်၏။

"မင်း ငါ့ကို အဲဒီအကြောင်းပြောတာ ၁၀၈ ခေါက်လောက် ရှိပြီ"

အမှန်တကယ်လည်း ဒီအတောအတွင်း သူ အဲဒီအကြောင်းနှင့်ပတ်သက်လို့ တစ်အိမ်လုံးကို ပတ်ပြောခဲ့တာ အခေါက်ပေါင်း မရေနိုင်တော့ပေ။ သို့ပေမယ့် ဘယ်လောက်ပြောပြော ပြောတိုင်းလည်း ရင်ထဲ တသိမ့်သိမ့် ဖြစ်ရဆဲ။

"မင်းလည်း ခွန်ဦးအကြောင်း ပြောရင် အပ်ကြောင်းထပ်နေတာပဲလေ...အခု ငါ့အလှည့်ပဲ ဟေ့ရောင်"

သူ လက် အတင်း ဆွဲထားခါမှ Isaac က သူ့အိပ်ရာပေါ် ပြန်ထိုင်ချကာ ဒီနေ့ လွမ်းနှင့်Date ဖို့ ရှိုးထုတ်နေသော သူ့ကို စိတ်ကုန်သလို ကြည့်သည်။

"လွမ်းက မင်းကို အစ်ကိုအရွယ်မို့ ကိုကိုလို့ ယောင်တာ ဘာထူးဆန်းလဲ"

"မတူဘူးကွ...အစ်ကိုဆိုတာ အသက်အရွယ် ကွာခြားမှုအရ လေးစားသမှုနဲ့ ခေါ်တဲ့ အသုံးအနှုန်းဖြစ်ပြီး ကိုကို ဆိုတာက ကိုယ့်ထက်ကြီးတဲ့ ချစ်သူရည်းစားကို ချစ်စနိုး ခေါ်ကြတာများတယ်...ခေါ်တဲ့လေသံကအစ ကွာတယ်ကွာ...လွမ်း ငါ့ကို အဲဒီနေ့က ခေါ်တဲ့ ကိုကို ဆိုတာ ငါ ကြားဖူးသမျှ နမ်စားတွေထဲ နားဝင်အချိုဆုံးပဲ...လွမ်းရဲ့ကိုကိုလို့ ခေါ်သံလေးက လွမ်းက ငါ့ကို နွားလုပ်စီးချင်ပါတယ် ဆိုရင်တောင် ငါက ပျော်ပျော်ကြီး ဒူးထောက် ဝပ်ချပြီး နွားလုပ်ပေးမိလောက်အောင်ကို ချိုတယ်"

"နွားပြာကြီး အောက်သွားလွတ်သလို တဟီးဟီးပေါ့"

"မင်းလည်း ခွန်ဦးနဲ့ဆို ကြောင်လို ချွဲတာပဲ"

John အဝတ်ဗီရိုထဲမှ သူ ဒီနေ့ဝတ်ဖို့ ရွေးထားသည့် Jacket နှစ်ထည်ကို ထုတ်လာတော့ Isaac က သူ့ညာလက်ထဲရှိ မီးခိုးနှင့်မိုးပြာရောင်စပ် plaid jacket ကို လက်ညိုးထိုးပြသည်။

"Pant ကရော Black or Grey?"

"Grey"

သူလည်း Grey ပိုကြိုက်တာမို့ အနက်ရောင် Straight pant ကို ပြန်သိမ်းပြီး
မီးခိုးရောင် Straight pant ကိုတော့ အစောက Jacket နှင့် တွဲပြီး ကိုယ်လုံးပေါ် မှန်ရှေ့တွင်ရပ်ကာ သူ့ကိုယ်ပေါ်မှာ ကပ်ကြည့်လိုက်၏။

Lovey DoveyWhere stories live. Discover now