PART [ 67 ]

10.4K 1.3K 180
                                    

"Bar မှာ တွေ့ခဲ့တဲ့ကောင်မလေးတွေနဲ့ ဘယ်လို ပတ်သက်တာလဲ"

ကားပေါ်တွင် သူတို့ နှစ်ယောက်ကြား တိတ်ဆိတ်နေခဲ့ရာမှ အပြန် လမ်းတစ်ဝက်မှာ ရှိန်ဇေက မေးလာခြင်း။

"မူးနေတဲ့ ကောင်မလေးက ကိုယ့်ညီမ ဝမ်းကွဲ...သူနဲ့သူ့သူငယ်ချင်း မိန်းကလေးတွေချည်း စိတ်မချလို့ ကိုယ် လိုက်သွားတာ...ဘာ သိချင်သေးလဲ"

သဝန်တိုတတ်လွန်းသော ရှိန်ဇေဟာ အခုထိ မျက်နှာကြော မလျှော့။ သူကလည်း ဘာလို့ စေ့စေ့စပ်စပ် ရှင်းပြနေမိမှန်း မသိတော့။

"အဲ့ဒီ့ Barက Manager ကအစ မင်းကို ကြိုက်နေကြောင်း အမှတ်မထင် ကြားခဲ့ရတယ်...Service ပေးတဲ့လူတွေကို ပြုံးပြတာလည်း မကြိုက်ဘူး...ဖြစ်နိုင်ရင် အဲ့ Bar ကို မသွားတော့နဲ့ကွာ"

သူ့အား ဇွတ် ဖက်နမ်းရုံမကဘဲ ပိုင်စိုးပိုင်နင်းပါ လုပ်ချင်နေပုံက မုန်းစရာ ကောင်းပေမယ့် စိုင်းစေး မုန်းလို့ မရအောင်ကိုပဲ ရှိန်ဇေ သူ့ကို လွှမ်းမိုးနိုင်လွန်း၏။

"မင်းနဲ့ကိုယ်က ချစ်သူရည်းစားတွေ ဆိုရင်တောင် မင်း ကိုယ့်ကို ချုပ်ခြယ်ခွင့် မရှိဘူး ဇေရှိန်ဟန်...မင်း လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ်  ကိုယ် ကျေနပ်နေတယ်လို့ရော မင်း ထင်လား"

ရှိန်ဇေ အဲ့လောက်ထိ ရဲတင်းလိမ့်မယ်မှန်း မသိလို့ စိုင်းစေး အငိုက်မိသွားခဲ့တာပင်။

အဲ့ဒီ လူဆိုးကောင် အနမ်းကြမ်းလား မကြမ်းလားဆိုတာ ပူနွေးနေဆဲ သူ့နှုတ်ခမ်းတွေက သက်သေပဲ ဖြစ်သည်။

"ငါကတော့ ကျေနပ်တယ်...မင်းရဲ့ပထမဆုံးအနမ်းကို ရလိုက်တာမို့"

အဲ့ဒီလို ဂျစ်ကန်ကန် အပြောနဲ့ထီမထင်ဟန်  ညစ်ကျယ်ကျယ် အပြုံးကတောင် မိုက်တယ်လို့ မြင်နေတဲ့ သူက ရှိန်ဇေ့ကို တကယ်ကြီး ကြွေနေမိပြီထင်။

"လမ်းထိပ်မှာတင် ရပ်ပေး"

ရှိန်ဇေက ကားကို လမ်းဘေးချရပ်လိုက်တော့ ရှိန်ဇေ ခြုံပေးထားသည့် အညိုရောင် Fleece jacket ကို ချွတ်ပြီး သူ ကားပေါ်မှ ဆင်းလိုက်၏။

"မနက်ဖြန် မနက် Training ပြီးရင် တွေ့ရအောင် စေး"

"ဟင့်အင်း"

Lovey DoveyWhere stories live. Discover now