PART [ 104 ]

9.3K 1.1K 174
                                    

"စားပြီးရင် ဘယ်သွားကြမလဲ ရှိန်ဇေ"

"အဆောင်ပဲ ပြန်တော့မယ်"

သူ့သူငယ်ချင်းတွေ ဆေးထိုးသွားကတည်းက ရင်ခံနေပုံရတဲ့ရှိန်ဇေက ညနေစာကိုတောင် ဟုတ်တိပတ်တိ မစားခဲ့ပါ။ အပြန်လမ်းမှာလည်း နှုတ်ဆိတ်နေပြန်တော့ ရှိန်ဇေ သူ့ကို  သဝန်တိုပြီး စိတ်ကောက်နေတာ သေချာသွားသည်။ စိုင်းစေး ကားမောင်းနေရင်း သူ့facebook account ထဲ ဝင်ကြည့်နေသည့် ရှိန်ဇေ့မျက်နှာကိုလည်း အကဲခတ်နေရသေး၏။

"ကားရပ်"

"ဟင်"

"မင်းနဲ့ငါ စကားပြောစရာရှိတယ်...ကားရပ်လိုက်"

"အင်း"

ရှိန်ဇေ ပြောသည့်အတိုင်း စိုင်းစေး ကားကို လမ်းဘေးသို့ ချရပ်လိုက်တော့ ရှိန်ဇေက ဖုန်းကို သူ့မျက်နှာရှေ့တွင် ထောင်ပြသည်။ ရှိန်ဇေ မြင်စေချင်တာက သျှားရင့်တို့ ပြောသည့် ဆေးKing က သူ့ postမှာ လာမန့်ထားသည့် Comment တစ်ခုကိုပင်။

လွန်ခဲ့သော တစ်နာရီကျော်လောက်က ရှိန်ဇေနှင့်သူ စားခဲ့သည့် ညနေစာ Date ကို အမှတ်တရ ဓာတ်ပုံရိုက်ပြီး စိုင်းစေး တင်ထားသည့် post မှာ ဆေးKing က Have a great time with your ❤. ဟု Comment လာ မန့်သဖြင့် စိုင်းစေးဘက်မှလည်း ထို Commentကို care react လေး ပေးပြီး Thank you. ဟု Reply ပြန်ခဲ့တာ ဖြစ်သည်။

အဲဒီ Comment နှင့်ပတ်သက်လို့ ရှိန်ဇေ ဘာကို ဘဝင် မကျလဲ မသိပေမယ့်
စိုင်းစေးအတွက်တော့ ကိုယ့်ကို သဘောကျနေတဲ့လူ ဖြစ်တာတောင် ကိုယ့် relationship ကို အားပေးသည့် လူရဲ့ Comment မို့ ကျေးဇူးပါလို့ reply ပြန်လိုက်ခြင်းဟာ သူ့ Social life မှာ ယဥ်ကျေးမှု တစ်ခုသာပင်။

"အဲဒါ ဘာဖြစ်လို့လဲ ရှိန်ဇေ"

စိုင်းစေး တည်တည်ငြိမ်ငြိမ်နှင့်အေးအေးဆေးဆေးပဲ ပြောလိုက်ပေမယ့် မျက်နှာထား တင်းတင်းဖြင့် ရှိန်ဇေကတော့ မျက်ခုံးတန်းတွေကိုပါ တွန့်ချိုးပစ်လိုက်သည်။

ဘာမဟုတ်တာလေးကို ဇာချဲ့ပြီး ပြဿနာရှာနေပါလားလို့ တွေးရမည့်အစား ရှိန်ဇေ့ဘက်က ထို comment ကြောင့် ဘယ်လိုခံစားသွားရသလဲဟုသာ ရှိန်ဇေ့မျက်ဝန်းတွေထဲမှာ အဖြေရှာနေမိပေမယ့် ရုတ်တရက်ကြီး ကားပေါ်မှ ဆင်းသွားသည့် ရှိန်ဇေ့ကြောင့် သူ နားမလည်နိုင်လောက်အောင် ဖြစ်ရ၏။

Lovey DoveyWhere stories live. Discover now