"Isaac...မင်းပြောတော့ အာပူလျှာပူဆို"
"အင်းလေ"
"မုန့်ဖတ်ပဲ ပါတယ်"
"ကိုယ့်ဟာကိုယ် အရည် သွားယူလိုက်ကြတော့ကွာ"
သျှားရင့်နှင့်လျှံသောတက အန်တီနန်းဦးတို့ အိမ်ဘက်ကို ဟင်းရည်သွားယူနေစဥ် Johnက Dining room ထဲတွင် အာပူလျှာပူစားဖို့ ပန်းကန်တွေကို အဆင်သင့်ထုတ်နေသည်။
"စေးကို ခေါ်လိုက်ဦး...Isaac"
အိမ်ပေါ်ထပ်သို့ တစ်လှမ်းချင်း တက်နေသော သူ့အား Johnက လှမ်းပြောတော့ Isaac ခေါင်းညိတ်ပြလိုက်၏။
"ဒေါက် ဒေါက်"
"ဝင်ခဲ့ပါ"
သူ စိုင်းစေးရဲ့အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွားသည့်အခါ စိုင်းစေးက သန့်ရှင်းနေပြီးသား အခန်းကို သန့်ရှင်းရေး လုပ်နေပြန်သည်။
"အန်တီနန်းဦးက အာပူလျှာပူ ထည့်ပေးလိုက်တယ်"
"အင်း...ဒါပြီးရင် သွားစားလိုက်မယ်"
စိုင်းစေးရဲ့အခန်းထဲရှိ သူအကြိုက်ဆုံး Cozy Zone လေးတွင် Isaac ထိုင်ချလိုက်ပြီး Indoor plant လေးတွေကို ငေးကြည့်လိုက်ပေမယ့် အရင်လို စိတ်မအေးသွား။
"စေး"
စိုင်းစေးက သူ့နံဘေးရှိ ပြတင်းလှိုက်ကာကို အရောင် လဲတပ်နေရင်း သူ့ကို "ဘာလဲ ပြော" ဟူသည့် အကြည့်ဖြင့်တုံ့ပြန်သည်။
"မင်းလည်း ရည်းစားထားတာ ငါနဲ့ အချိန် သိပ်မကွာတော့...မင်း အတွေ့အကြုံအရလေ..."
"အင်း"
သူ တစ်ခုခု ခံစားနေရတာကို သတိထားမိသွားသည့် စိုင်းစေးက တပ်လက်စ လှိုက်ကာစကို အသာထားပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လာ၏။
"မင်း ခွန်ဦးနဲ့ပြဿနာ ဖြစ်လို့လား"
"မဟုတ်ဘူး...ဟိုဟာကွာ"
သူ့ရင်ထဲက အပူမီးတောက်နှင့်ပတ်သက်ပြီး Isaac ပွင့်ပွင့်လင်းလင်း ထုတ်မေးရမှာ ရှက်မိပေမယ့်လည်း
သူတို့အဖွဲ့ထဲမှာ သူ့အဖြစ်ကို ကောင်းကောင်းနားလည်နိုင်သူက စိုင်းစေးပင်။
![](https://img.wattpad.com/cover/291302378-288-k987404.jpg)