PART [ 57 ]

10K 1.3K 211
                                    

"ခြောက်နာရီတောင် ထိုးတော့မယ်"

သျှားရင့်က လက်ပတ်နာရီကို တစ်ချက်ကြည့်ရင်း ပြောတော့ လျှံသောတက အိမ်ရှေ့သို့ လှမ်းကြည့်သည်။ တကယ်တော့ Isaac အိမ်ကနေ ထွက်သွားကတည်းက သူတို့တွေ ဧည့်ခန်းမှာပဲ စောင့်နေကြခြင်း။

"အရိပ်အယောင်တောင် မမြင်ရသေးဘူး"

John ကတော့ လွန်ခဲ့တဲ့ ၂ နာရီကတည်းက Active မဖြစ်သော Isaac ရဲ့ Account ထဲ ခဏခဏ ဝင်ကြည့်နေမိသည်။ ခွန်ဦးနှင့်သူတို့သူငယ်ချင်းရဲ့ နှစ်ယောက်တည်း Date ကို အနှောင့်အယှက် ဖြစ်မှာစိုး၍ ဖုန်းတော့ မဆက်ဖြစ်။

"အခြေအနေ ကောင်းလောက်ပါတယ်"

သူတို့ထဲတွင် စေးတစ်ယောက်ပဲ စိတ်အေးလက်အေး ရှိနေတာဖြစ်သည်။ စေးက နဂိုကတည်းက အကောင်းမြင်စိတ်များပြီး တည်ငြိမ် အေးဆေးသူမို့ Isaac အတွက် သိပ် စိတ် မပူပေမယ့် ကျန်တဲ့ သုံးယောက်ကတော့ ထိုင်မရ၊ ထမရဖြင့် ဂနာမငြိမ်ကြပေ။

"ဟေ့ရောင်တွေ...Isaacရဲ့ကားသံ"

Isaac ပြန်လာပြီ ဆိုတာနဲ့ သူတို့တွေ ​အသည်းအသန် ပြေးသွားလိုက်ကြတာ တစ်ယောက်ခြေထောက် တစ်ယောက် ခလုတ်တိုက်ကာ လေးယောက်သား အိမ်တံခါးမကြီးနားမှာ ထပ်လျက် မလှဲရုံ တမယ်ပင်။

"သားကြီးတို့!"

ကားပေါ်ကနေ  ဆင်းလာသည့် သူတို့ သူငယ်ချင်း Isaacရဲ့မျက်နှာကို အကဲခတ်ကြည့်တော့ ငိုထားတာ သိသိသာသာ။ John တို့တွေ စိတ်မကောင်း ဖြစ်သွားကြကာ Isaac အား နှစ်သိမ့်သည့် သဘောဖြင့် ဝိုင်းဖက်လိုက်ကြပါသည်။

"ငါ နှစ်ချက်တောင် ထိုး ခံရတယ်....

နှုတ်ခမ်းနဲ့"

"ဘာ!!"

Isaac ပါးပြင်တွေ ရဲနေရခြင်းရဲ့အကြောင်းအရင်းက ခွန်ဦးဆီက နှုတ်ခမ်းနဲ့ ထိုးခံရလို့တဲ့လား။

"မင်း ငါတို့ကို သေချာပြောပြစမ်း Isaac"

အခုမှ ရှက်ပြုံးလေး ပြုံးပြီး သူ့ပါးသူ ပြန် ပွတ်နေသော Isaac က မူးတော့ မူး မနေပါ။

"ခွန်က ငါ့ကို ချစ်တယ်တဲ့"

Isaac ငိုထားတာက ထပ် ငြင်းခံရလို့ မဟုတ်ဘဲ ခွန်ဦးနဲ့ရည်းစားဖြစ်သွားလို့ ဆိုတာ သိမှပဲ သူတို့တွေ သက်ပြင်း ချနိုင်ကြတော့၏။

Lovey DoveyWhere stories live. Discover now