PART [ 53 ]

10.6K 1.3K 237
                                    


"ငါ မင်းကို မေးစရာ ရှိတယ်"

သူတို့နှစ်ဦးကြား တိတ်ဆိတ်လျက်ရှိသော အခြေအနေမှာ ဇေရှိန်ဟန်ဘက်မှ စကား စလိုက်သည့်အခါ စိုင်းစေးကလည်း တစ်ဖက်လူကို လေးစားမှုရှိရှိ အာရုံစိုက်ပေးဖို့ရာအတွက် လက်ထဲက Macbook ကို ပိ်တ်ချလိုက်သည်။

"မေးလေ"

နှစ်လိုဖွယ်ကောင်းသော စိုင်းစေးရဲ့အပြုအမူတွေကို အသေးစိတ် သတိပြုမိလေ ဇေရှိန်ဟန် သဘောကျလေပင်။ ပန်းချီဆရာ ကိုစျာန် ပြောနေကျ အနုပညာဆန်သည့် သဘာဝအလှတရားတွေထဲ စိုင်းစေးလို ဖြစ်တည်မှုမျိုးလည်း ပါသည် ထင်၏။

"အခု လက်ရှိ မင်းမှာ ရည်းစားရှိလား"

"မရှိဘူး"

"မင်း သဘောကျနေတဲ့သူရော"

"ဟင့်အင်း"

"မိဘချင်း သဘောတူထားတာတို့ ဘာတို့"

"မရှိပါဘူး"

"မင်းကို ကြိုက်နေတဲ့ သူတွေကတော့ ငါ အပါအဝင် အတော်လေး များမှာပဲနော်"

ရင်ခုန်ခြင်းဟာ အညိုရောင်ဖျော့ဖျော့ မျက်ဝန်းများကြောင့် ပို အသက်ဝင်ရသည်ဆိုလျှင် ပြုံးယောင်ယောင် နှုတ်ခမ်းပါးလေးတွေက ဇေရှိန်ဟန့်ကို ယစ်မူးသွားစေနိုင်လောက်မလား။ ဆွဲဆောင်မှုအား ဘယ်လောက် ပြင်းသလဲဆိုတာတော့ နမ်းကြည့်မှပဲ သိနိုင်လိမ့်မည်။

"လွမ်းတိုင်းသားတွေက အဲ့လိုပဲ တည့်တိုးဆန်ကြတာလား"

"အင်း...မင်း ငါ့အကြည့်တွေကို မရှောင်နိုင်သလိုမျိုးပေါ့"

စိုင်းစေးရဲ့မျက်နှာမှာ ရှက်သွေးရိပ်ရိပ် ပြေးသွားတိုင်း အသည်းယားရတာလည်း သွားတွေပါ ကျိန်းသည်ထိ ဖြစ်ပြီးတည်တည်ကြည်ကြည် ယောက်ျားတစ်ယောက်ရဲ့နီရောင်သမ်းတဲ့ပါးပြင်တွေဟာ သူ့ကို ကိုက်မိစေချင်လောက်အောင်တော့ ချစ်ဖို့ကောင်း မနေသင့်ဘူး မဟုတ်လား။

"တီ တီ!"

ခြံရှေ့မှ ကားဟွန်းတီးသံကြားသည့်အခါ ဇေရှိန်ဟန် ထိုင်ရာက ထပြီး အိမ်အပြင်သို့ ထွက်ခဲ့လိုက်သည်။ တောင်ဘက်ရွာရှိ အမျိုးတွေဆီ ကန်တော့သွားကြသည့် အမေတို့ ပြန်လာကြပြီမို့ သူ ခြံတံခါး သွားဖွင့်ပေးတော့ John မောင်းသည့် ကားပေါ်တွင် အငဲက အိပ်ပျော်လျက်သား။

Lovey DoveyWhere stories live. Discover now